ဘန်အက်ဖ်လက်ခ်နဲ့ အတူရှိနေတဲ့ ဂျနီဖာလိုပက်ဇ်

ကျော်ကြားတဲ့ ဟောလိဝုဒ်ကြယ်ပွင့်တစ်ဦးဖြစ်သူ ဂျနီဖာလိုပက်ဇ်ဟာ ချစ်သူဟောင်း အဲလက်ဇ် ရိုဒရီဂွက်ဇ်နဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သတင်းတွေပေါ်ထွက်လာခဲ့ပြီးနောက် လက်တလောမှာ ချစ်သူဟောင်းဖြစ်ပြီး သူနဲ့စေ့စပ်ခဲ့ဖူးသူတစ်ဦးဖြစ်တဲ့ မင်းသား ဘန်အက်ဖ်လက်ခ်နဲ့ အတူတူရှိနေကာ အချိန်တွေကို ပျော်ရွှင်စွာဖြတ်သန်းနေကြကြောင်း အေးရှားဝမ်းဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။

အဲလက်ဇ်ရိုဒရီဂွက်ဇ်နဲ့ စေ့စပ်ထားမှုကို အဆုံးသတ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်း ဂျနီဖာလိုပက်ဇ်ဟာ ဘန်အက်ဖ်လက်ခ်နဲ့ အတူရှိနေခဲ့တာပါ။ သူတို့နှစ်ဦးဟာ မွန်တာနာမှာရှိနေပြီး အဲဒီနေရာမှာ အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသား ဘန်အက်ဖ်လက်ခ်ရဲ့ အားလပ်ရက်နေအိမ်ရှိ နေတာဖြစ်တယ်လို့လည်း သိရပါတယ်။  ဂျနီဖာလိုပက်ဇ်နဲ့ရင်းနှီးတဲ့ သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြား ချက်အရ ဂျနီဖာလိုပက်ဇ်ဟာ ဘန်အက်ဖ်လက်ခ်နဲ့အတူရှိကာ အချိန်တွေကို ပျော်ရွှင်စွာဖြတ်သန်း နေကြောင်း သိရပါတယ်။ ဂျနီဖာလိုပက်ဇ်နဲ့ ဘန်အက်ဖ်လက်ခ် တို့နှစ်ဦးကို အပန်းဖြေစခန်းတစ်ခု အနီးမှာ ကားတစ်စီးထဲမှာ အတူရှိနေတာကို တွေ့ခဲ့ရပြီး သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းဟောင်းကို ပြန်လည် စတင်နေဟန်ရှိပါတယ်။

ဂျနီဖာလိုပက်ဇ်နဲ့ ဘန်အက်ဖ်လက်ခ်တို့ဟာ ၂၀၀၂ ခုနှစ်အတွင်း စေ့စပ်ခဲ့ကြပြီး ၂၀၀၃ ခုနှစ်အတွင်း လက်ထပ်ကြဖို့ရာ စီစဉ်ထားတာပါ။ ဒါပေမယ့် လက်မထပ်မီ ရက်ပိုင်းအလိုမှာ လမ်းခွဲခဲ့ကြပြီး ၂၀၀၄ ခုနှစ်အတွင်းမှာတော့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့ကြတာဖြစ်ပါတယ်။

အေးပြည့်