ဗြဟ္မစိုရ်တရားပွား အေးချမ်းသာယာမှုကိုဆောင်ယူ

မျက်မှောက်ကာလတွင် ပြည်သူပြည်သားအပေါင်းတို့သည် ကြုံတွေ့နေရသောကပ်ဘေးကြောင့် အများပြည်သူတို့ ဘေးဘယာဝေးကွ၁၍ ကျန်းမာ ချမ်းသာကြစေရန် ဆုတောင်းမေတ္တာပို့သနေကြမည်ဟု ယုံကြည်ပါသည်။ သူတစ်ပါးအပေါ် ကောင်းစေလိုသောစိတ်ဖြင့် အဖန်ဖန်အထပ်ထပ် ပြုလုပ်ခြင်း၊ အာရုံပြုခြင်း၊ ပို့လွှတ်ခြင်းသည် မေတ္တာဘာဝနာ၊ မေတ္တာပွားခြင်းမည်ပါသည်။

ထိုမေတ္တာစွမ်းအားကြောင့် မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာကြမည်ဟုလည်း ယုံကြည်ထားပါသည်။ သတ္တဝါတို့ အပေါ်၌ မေတ္တာပွား၍ဖြစ်စေ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့တွင် တစ်ပါးပါးပွားများ၍ဖြစ်စေနေခြင်းသည် မြင့်မြတ်သောနေခြင်းဖြစ်၍ ဗြဟ္မဝိဟာရဟု ခေါ်ဆိုပါသည်။ ထိုကဲ့သို့ ပွားများခြင်းသည် မြင့်မြတ်သောအကျင့်ဖြစ်သောကြောင့် ဗြဟ္မစိုရ်ဟု ခေါ်ပါသည်။

မြန်မာနိုင်ငံသည် မူလကတည်းက ဗြဟ္မစိုရ်တရားထွန်းကားသော နိုင်ငံဖြစ်ရာ ယခုကဲ့သို့သော အချိန်အခါတွင် ဗြဟ္မစိုရ်တရားများကို လူတိုင်း လူတိုင်း ပွားများကြဖို့သင့်ပါသည်။ ဗြဟ္မစိုရ်တရလေးပါးမှာ မေတ္တာ - သတ္တဝါအများ ကြီးပွားချမ်းသာသည်ကို လိုလားချစ်မြတ်နိုးခြင်း - ဆင်းရဲသော သတ္တဝါများကိုမြင်၍ သနားခြင်း၊ ဆင်းရဲမှ ကင်းလွတ် စေလိုခြင်း၊ မုဒိတာ - ပြည့်စုံချမ်းသာသောသူတို့ကို မြင်ရလျှင် ဝမ်းမြောက်ခြင်း၊ ဥပေက္ခာ- သတ္တဝါတို့အပေါ်၌ ချစ်ခြင်း၊ မုန်းခြင်းမရှိ မျှမျှာဇာ ရှုမြင်ခြင်းတို့ဖြစ်သည်။

မေတ္တာသည် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ပုဂ္ဂိုလ်သတ္တဝါ ပညတ်ကိုအရပြုက “ ချမ်းသာကြပါစေ ဘေးရန်ကင်းကြပါစေ ” စသည် ဖြင့် ပို့သခြင်းဖြစ်သည်။ ဤမျှရုံးခြင်းဖြင့် ကောင်းကျိုးချမ်းသာတို့ကို ဖြစ်စေပါသည်။ သတ္တဝါတို့ ကြီးပွားချမ်းသာမှုကို လိုလားတောင့်တသော အဒေါသစောသိက် မေတ္တာသည်ကြီးမားသော အစွမ်းထက်သည့်လက်နက် ပင်ဖြစ်သည်။ မိမိချစ်ခင်မြတ်နိုးသော မိမိကိုယ် မိမိမိသားစုအသိုင်းအဝိုင်းမှအစ မိမိမြို့ရွာ တိုင်းနိုင်ငံမှသည် ကမ္ဘာသူ ကမ္ဘာသားအားလုံးကို ထင်မြင်အောင် စိတ်ညွှတ်လျက် “ချမ်းသာကြပါစေ၊ ဘေးရန်ကင်းကြပါစေ”ဟု မေတ္တာဘာဝန၁စိတ်ရောက်အောင် ပို့လွှတ်ဖြန့်ကြက်၍ လွှမ်းခြုံရမည် ဖြစ်သည်။

မေတ္တာပို့သခြင်းသည် ဒါနမှု၊ သီလမှုတို့ထက် အကျိုးကြီးမားသည်ဟု တရာတွင်ဆိုပါသည်။ မေတ္တာပို့ပြီးသောအခါ ကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီးနောက် ဆုတောင်းအမျှဝေခြင်းလည်း ပြုနိုင်ပေသည်။ ယခုအခါရောဂါကပ်ဘေးကြောင့် ပြည်သူပြည်သားများ ကောင်းသောအမှုများကို ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ဗြဟ္မစိုရ်တရား အခြေခံပြီးသော မြန်မာတိုင်းရင်းသားများပီပီ စေတနာ၊ သဒ္ဓါ၊ဉာဏ်ပညာ ပြည့်ဝစွာ စုပေါင်းညီညာလုပ်ဆောင်ကြခြင်းဖြင့် မြို့ရွာတိုင်း နိုင်ငံအေးချမ်းသာယာ ဘေးဘယာဝေးကွာစေမည်ဖြစ်သည်။

အမှန်အားဖြင့်ဆိုလျှင် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံရုံမျှဖြင့် လောက၌ ငြိမ်းချမ်းသာ ဘေးအမှုကိုနိုင်၊ ထိုသို့မရနိုင်ကြောင်းကို မျက်မှောက် ကမ္ဘာ့နိုင်ငံကြီးများ၏ ကြုံတွေ့မှုများက သက်သေခံလျက်ရှိသည်။ စိတ်ပိုင်းဆိုင်ရာ ပြည့်စုံရုံမျှဖြင့်လည်း လောက၌ ငြိမ်းချမ်းသာယာ အေးချမ်းမှုကို မရနိုင်၊ ထိုသို့မနိုင်ကြောင်းကို ကမ္ဘာ့နိုင်ငံများကပင် သက်သေပြလျက်ရှိသည်။ သို့ရာတွင်ကိုယ်ကျင့်သီလသိက္ခာစောင့်ထိန်းပြီး မေတ္တာတရ ဗြဟ္မစိုရ်တရားများ ပွားများပြည့်စုံကြပါလျှင် လောက၌ ငြိမ်းချမ်း သာယာမှုကို ရရှိနိုင်ပါသည်။

သို့ဖြင့်ရာ အရေးအကြောင်းရှိလျှင် ညီညွတ်ကြ၊ ရိုင်းပင်းကြီး၊ ကူညီတတ်ကြသည့် မြန်မာတို့ အရင်းခံစိတ်ထားများ ရှိကြပြီးသည့်အတိုင်း လူတိုင်းလူတိုင်း အပန်းမကြီးသည် မေတ္တာရားများကို လွှမ်းခြုံကြ၍ ပြည်သူပြည်သားများအားလုံး ကောင်းကျိုးအတွေက် ညီညီညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက်ကြခြင်းဖြင့် ဘေးဘယာဝေးကွာ၍ အေးချမ်းသာယာမှုအပေါင်းကို ဆောင်ကြရမည်ဖြစ်ပါကြောင်း ။        ။      

ကြေးမုံ