ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦဖွင့်လှစ်

စေတုတ္တရာ ၇ မတ်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အများပြည်သူ ဘေးအန္တရာယ်ခိုလှုံနိုင်ရန် ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦဖွင့်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အဆိုပါ အဆောက်အဦ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ အများပြည်သူ ဘေးအန္တရာယ်ခိုလှုံနိုင်ရန် ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦဖွင့်ပွဲကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး Multi-Purpose Shelter အဆောက်အဦ ကမ္ပည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။

 

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ အဖွင့်အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ လမ်းညွှန်အမှာစကား ပြောကြားကာ ဒေသခံပြည်သူများ ကိုယ်စား တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ယင်းနောက် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ ဂရုဏာရှင်အသင်းသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ရန်ပုံငွေမှ ဆေးရုံတက်လူနာများအား အောက်စီဂျင် အခမဲ့ပေးလှူနိုင်ရန်အတွက်  မတည်အလှူငွေကျပ် (၁၀)သိန်းအား ဂရုဏာရှင်အသင်းဥက္ကဋ္ဌ ဦးအောင်နိုင်ထံသို့ ပေးအပ်ခဲ့ပြီး အများပြည်သူ ဘေးအန္တရာယ်ခိုလှုံရန် ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦအား မြင့်မိုရ်စံထားကုမ္ပဏီမှ Managing Director ဦးလှမင်းမှ ရပ်မိ/ရပ်ဖ ဦးချိုကြီးထံသို့ ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦအား လွှဲပြောင်းပေးအပ်ခဲ့သည်။

 

အဆိုပါ ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦကို ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနခွင့်ပြုငွေ ကျပ်(၁၉၄)သန်းဖြင့် မြင့်မိုရ်စံထားကုမ္ပဏီက ၂၀၁၉ ခုနှစ် ဩဂုတ် ၁ ရက်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦမှာ အလျားပေ (၇၀)၊ ပေအနံ(၆၀)၊ အမြင့်(၂၁)ပေ၊ နှစ်ထပ်အာစီ အဆောက်အဦအမျိုးအစား ဖြစ်ကြောင်း သိရသည်။

 

ပေါက်ပေါက်(ပြန်/ဆက်)