ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော်    ၁၃    မတ်

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပြည်သူ့ဝန်ထမ်းအကယ်ဒမီ၌ အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်းနှင့် ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီးရှိ အဆိုပါသင်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက အမှာစကားပြောကြားပြီး ပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ် (သင်ကြားရေး) တို့က ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာလက်မှတ်များ၊ စံပြကျောင်းသားဆု၊ စာပေထူးချွန်ဆုနှင့် စာပေဂုဏ်ထူးဆုရရှိသူများကို ဆုများပေးအပ်ကြသည်။

 

သတင်းစဉ်