ဘိုလီးဗီးယားကြားဖြတ်သမ္မတမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ

၁၀  ဇူလိုင်

 

ဘိုလီးဗီးယားကြားဖြတ်သမ္မတ ဂျင်နိုင်း အန်းနက်ဇ်က သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေကြောင်း ကြာသပတေးနေ့က ကြေညာလိုက်ပြီး အလုပ်ကို တစ်ယောက်တည်း သီးသန့်နေရာမှာ ဆက်ပြီး အလုပ်လုပ်သွားမယ်လို့  ပြောပါတယ်။

 

အသက်၅၄ နှစ်အရွယ် သမ္မတ အန်းနက်ဇ်က ၁၄ ရက်တိတိ သီးခြားနေထိုင်ပြီးမှာ နောက်တစ်ကြိမ် ထပ်မံစစ်ဆေးသွားမယ်လို့ဆိုပါတယ်။

 

တောင်အမေရိကနိုင်ငံတွေရဲ့ ဒုတိယမြောက် သမ္မတမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတာဖြစ်ပါတယ်။ အင်္ဂါနေ့မှာ ဘရာဇီးသမ္မတမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပါတယ်။

 

သမ္မတ အန်းနက်ဇ်ရဲ့ အစိုးရအဖွဲ့ဝင်လေးဦးမှာလည်း ကပ်ရောဂါပိုး တွေ့ရှိပြီးဖြစ်ပါတယ်။ အောက်လွှတ်တော် ဉက္ကဋ္ဌကလည်း ဗုဒ္ဓဟူးနေ့က စပြီး သီးသန့်ခွဲခြားနေထိုင်သွားပြီဖြစ်ပါတယ်။

 

နှစ်လတောင် မကြာတော့တဲ့အချိန်အတွင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲနီးနေတဲ့အချိန်မှာ ကြားဖြတ်သမ္မတ အန်းနက်ဇ်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိတာဖြစ်ပါတယ်။

၂၀၀၃-၂၀၀၅ ခုနှစ်မှာသမ္မတတာဝန်ယူခဲ့တဲ့ ကာလို့စ် မီဆာက သမ္မတ အန်းနက်ဇ် အမြန်ဆုံးပြန်လည် ကျန်းမာလာပါစေကြောင်း ဆုမွန်ကောင်းကို တွစ်တာမှာ ‌ရေးသားထားပါတယ်။

 

ဘိုလီးဗီးယားနိုင်ငံမှာ လူဦးရေ ၁၁ သန်းနေထိုင်ရာ လူပေါင်း ၄၃,၀၀၀  မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီး လူပေါင်း ၁,၅၀၀ ကျော်သေဆုံးကြောင်း သိရပါတယ်။ ရွေးကောက်ပွဲအချိန်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၃၀,၀၀၀  ဖြစ်လာနိုင်ကြောင်း အစိုးရက ခန့်မှန်းထားပါတယ်။

 

MDN

ကိုးကား - AFP