ဘိုကလေးမြို့နယ် သဘာဝဘေးခိုလှုံရာစခန်း ခြောက်ခုတွင် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ ခိုလှုံလျက်ရှိ

ဘိုကလေး မေ ၁၂

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် သဘာဝဘေး အန္တရာယ်ကျရောက်ပါက ခိုလှုံနိုင်ရေးအတွက် အရေးပေါ်စုရပ်အဖြစ် မြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများမှ သဘာဝဘေးဒဏ်ခံ အဆောက်အအုံ (Shelter) ၂၁ ခုတို့တွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ စီစဉ်မှု၊ သက်ဆိုင်ရာ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့၏ ပူးပေါင်းကူညီမှုများဖြင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ယခုလက်ရှိ အချိန်တွင် သဘာဝဘေးခိုလှုံရာစခန်း အရေးပေါ်စုရပ် ခြောက်ခုတို့တွင် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ ပြောင်းရွှေ့ခိုလှုံနေပြီ ဖြစ်သည်။

 

သဘာဝဘေးခိုလှုံရာစခန်း (Shelter) ၂၁ ခုအနက် ကဒုံကျေးရွာအုပ်စုမှ သဘာဝဘေးဒဏ်ခံ အဆောက်အအုံ (Shelter)တွင် သက်ကြီးရွယ်အို၊ ကလေးငယ်၊ ကိုယ်ဝန်ဆောင် စုစုပေါင်း ၂၉ ဦး၊ ဧရာကျေးရွာအုပ်စု သဘာဝဘေးဒဏ်ခံ အဆောက်အအုံ (Shelter)တွင် ၂၆ ဦး၊ ထော်ပိုင်ကျေးရွာအုပ်စု သဘာဝဘေးဒဏ်ခံ အဆောက်အအုံ (Shelter)တွင် နှစ်ဦး၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု သဘာဝ ဘေးဒဏ်ခံ အဆောက်အအုံ (Shelter)တွင် ရှစ်ဦး၊ ကျွန်းသာယာကျေးရွာအုပ်စု သဘာဝဘေးဒဏ်ခံ အဆောက်အအုံ (Shelter)တွင် သုံးဦး၊ သရော်ချောင်းကျေးရွာအုပ်စု သဘာဝဘေးဒဏ်ခံ အဆောက်အအုံ (Shelter)တွင် ၁၂ ဦး စုစုပေါင်း ၈၀ ခိုလှုံလျက်ရှိပြီး ခိုလှုံသူများ၏ နံနက်စာ၊ နေ့လည်စာနှင့် ညစာ အာဟာရအတွက် မြို့နယ်သဘာဝဘေးအန္တရာယ် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ မှ တာဝန်ယူဆောင်ရွက်ကျွေးမွေးလျက်ရှိကြောင်းနှင့် သဘာဝဘေးဒဏ်ခံ အဆောက်အအုံများမှ ခိုလှုံနေကြသူများအပြင် ဘိုကလေးမြို့နယ်၊ မဂူကျေးရွာအုပ်စုမှ ပြည်သူ ၉၇ ဦး အနေဖြင့်လည်း သဘာဝဘေးအန္တရာယ် ရှောင်တိမ်းနိုင်ရေးအတွက် ဘိုကလေးမြို့၊ အမှတ်(၈)ရပ်ကွက်၊ ဇဗ္ဗူဒီပရတနာကျောင်းတိုက်တွင် ခိုလှုံနေကြကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)