ဘိုကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်

ဘိုကလေး      ဇွန်     ၂၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဇွန် ၂၉ ရက် နံနက်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများအတွင်း နှာခေါင်းစည်း တပ်ဆင်ရောင်းချစေရေး၊ ဈေးဝယ်သူများအနေဖြင့်လည်း နှာခေါင်းစည်း တပ်ဆင်၍ ဈေးဝယ်မှုပြုစေရေး အသိပညာပေးကာ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေ ပေးခဲ့သည်။

 

လက်ရှိတွင် ဘိုကလေးမြို့နယ်၊ ဖိုးလေးကျေးရွာအုပ်စု၊ သိန္ဒီကျေးရွာနေ အမျိုးသမီးနှစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါ တွေ့ရှိရပြီး မြို့နယ်ခုတင် (၁၀၀) ဆေးရုံကြီး၌ ဆေးဝါးကုသပေးလျက် ရှိသည်။ အဆိုပါ လူနာများနှင့် ထိတွေ့ခဲ့သူတစ်ဦးကိုလည်း ဘိုကလေးမြိုနယ်ရှိ အနန္တသုခ တန်ဆောင်းတွင် ဖွင့်လှစ်ထားရှိသည့် Quarantine Center ၌ အသွားအလာ ကန့်သတ် ဆောင်ရွက်ထားရှိကြောင်းသိရသည်။

 

မိုးစက်(ဘိုကလေး)