ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဦးကျော်ကျော်မောင်အား ကန့်ကွက်သူမရှိ ပြည်ထောင်စုလွှတ်တော် အတည်ပြု

နေပြည်တော် ၃၁ ဇူလိုင်

 

သက်တမ်းကုန်ဆုံး၍ လစ်လပ်လာမည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးနေရာတွင် လက်ရှိ ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်သူ ဦးကျော်ကျော်မောင်အား ခန့်အပ်တာဝန်ပေးအပ်ခြင်းကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သူမရှိဘဲ လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

 

နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဦးကျော်ကျော်မောင်အား ဆက်လက်ခန့်အပ် တာဝန်ပေးလိုကြောင်း အကြောင်းကြားစာ ပေးပို့မှုကို ဇူလိုင် ၂၆ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

 

ဦးကျော်ကျော်မောင်အား မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်ခြင်းကို ကန့်ကွက်ချက် တစ်စုံတစ်ရာ မရှိသည့်အတွက် ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

 

MDN