ဘိုးဘွားများအား လူမှုရေးပင်စင်များ ကွင်းဆင်းထောက်ပံ့ပေး

ရန်ကင်း ၅ ဇန်နဝါရီ 

အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင်များ (၃)လတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ရပ်ကွက်များအတွင်းရှိ ဘိုးဘွားများထံသို့ လူမှုရေးပင်စင်များ အိမ်အရောက် ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ထိုသို့ကွင်းဆင်း ထောက်ပံ့ပေးရာတွင် ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီတာမောင်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ဦးဆောင်၍ ဘိုးဘွားများထံသို့ လူမှုရေးပင်စင်များ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

MDN
 

 

mdn