ဗဟိုအမျိုးသမီးဆေးရုံ (မန္တလေး) မီးယပ်ကင်ဆာဌာနတွင် ၆ လအတွင်း လာရောက်ကုသသူ ၉၃၀ ကျော်ရှိ

မန္တလေး ၂၁ မေ


ဗဟိုအမျိုးသမီးဆေးရုံ (မန္တလေး)၊ မီးယပ်ကင်ဆာဌာနတွင် ၆ လအတွင်း မီးယပ်ကင်ဆာ အတွင်းလူနာအဖြစ် ကုသသူ ၉၃၀ ကျော်ရှိကြောင်း အဆိုပါဆေးရုံမှ ဆေးရုံ ဒေါက်တာစန်းစန်းဝေ ကပြောသည်။

 

1

 


ဗဟိုအမျိုးသမီးဆေးရုံ(မန္တလေး)၊ မီးယပ်ကင်ဆာဌာနကို ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စတင်ဖွင့်လှစ်ချိန်မှစပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ အတွင်းလူနာအဖြစ် လာရောက်ကုသသည့် အမျိုးသမီး ၉၃၀ ကျော်ရှိကြောင်းသိရသည်။ ပြင်ပလူနာအနေဖြင့် လာရောက်ကုသသည့်အမျိုးသမီး ၂၇၀ ကျော် ရှိသည်ဟု သိရသည်။


‘မီးယပ်ကင်ဆာကုသဌာနကို ၂၀၁၈ ခုနှစ်မှာ စဖွင့်လိုက်တယ်။ နဂိုတုန်းက မီးယပ်ကင်ဆာဌာနက မီးယပ်နဲ့ရောနေတယ်။ ၂၀၁၈ မှာ သီးသန့်ခွဲလိုက်တယ်။ ဆေးရုံကနေ ခွဲစိပ်ပေးတယ်။ ကင်ဆာဆေးသွင်းပေးတယ်။ ဒီမှာ နှစ်ခုလုပ်ပေးတယ်’ ဟု ဆေးရုံအုပ်ကြီး ဒေါ်စန်းစန်းဝေကပြောသည်။


မီးယပ်ကင်ဆာများတွင် သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ၊ မွေးလမ်းကြောင်းကင်ဆာ၊ သာအိမ်ခေါင်းကင်ဆာ စသဖြင့်လာရောက် ကုသမှုများရှိကြောင်း သိရသည်။


အိမို့မို့ခိုင်