ဘီလာရုစ် ကို အရေးယူပိတ်ဆို့ရန် ဉရောပသမဂ္ဂခေါင်းဆောင်များ သဘောတူညီ

၂ အောက်တိုဘာ

 

ဘီလာရုစ်နိုင်ငံ၏အငြင်းပွားဖွယ်ရာ သမ္မတရွေးကောက်ပွဲကျင်းပပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုးကားပြီး ဘီလာရုစ်အစိုးရ၏အဆင့်မြင့်အရာရှိများအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ရန် ဉရောပသမဂ္ဂခေါင်းဆောင်းများက သဘောတူညီခဲ့ကြသည်။

 

ဉရောပသမဂ္ဂခေါင်းဆောင်များသည် ကြာသပတေးနှင့်သောကြာနေ့တို့တွင် ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးတစ်ခုတွင် တွေ့ဆုံခဲ့ကြသည်။

 

ဩဂုတ်လရွေးကောက်ပွဲတွင် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို အနိုင်ရရှိပြီးနောက် ဘီလာရုစ်တွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

 

ဘီလာရုစ်အစိုးရသည် အတိုက်အခံခေါင်းဆောင်များနှင့်နိုင်ငံသားများအပေါ်တွင် ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

 

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများကို နှိမ်နင်းမှုနှင့် မကြာသေးမီကကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ အရာရှိဦးရေ ၄၀ ခန့်ကိုပစ်မှတ်ထားကာ အရေးယူပိတ်ဆို့မည်ဟု ယူဆရသည်။

 

အငြင်းပွားဖွယ် နာဂေါ်နို-ကရာဘတ် ဒေသနှင့်ပတ်သက်ပြီး အဇာဘိုင်ဂျန်နှင့်အာမေးနီးယားနှစ်နိုင်ငံအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေမှုကိုလည်း အီးယူခေါင်းဆောင်များဆွေးနွေးခဲ့ကြသည်။

 

နှစ်နိုင်ငံလုံး အပစ်အခတ်ချက်ချင်းရပ်စဲရေး သဘောတူညီရန် နှစ်ဖက်စလုံးကို အီးယူခေါင်းဆောင်များက တောင်းဆိုခဲ့သည်။

 

ပြင်သစ်သမ္မတ အီမန်နျူရယ်လ် မေခရွန်က အီးယူဆွေးနွေးပွဲမတိုင်မီ ဆီးရီးယားတိုက်ခိုက်ရေးသမားများသည် တူရကီနိုင်ငံမှတစ်ဆင့် ပဋိပက္ခဖြစ်ပွားရာဇုန်သို့ ဝင်ရောက်ခဲ့သည်ဟု သတင်းရရှိကြောင်း ပြောကြားခဲ့သည်။

 

အီးယူနိုင်ငံများက တူရကီနိုင်ငံအမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း စစ်ရေးအရဖြေရှင်းမှုများ၊ ပြင်ပမှဝင်ရောက်စွက်ဖက်မှုများ မပြုသင့်ကြောင်း တူရကီကိုရည်ညွှန်းကာ ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို