ဘေဘုတ်ရဲ့ ကျော်ကြားတဲ့ တေးသီချင်း ၁ဝဝ စာရင်းမှာ ရပ်တည်နေဆဲ Money

ကျော်ကြားတဲ့ ကေပေါ့ပ်တေးသံရှင်တစ်ဦးဖြစ်သူ လီဆာရဲ့ တစ်ကိုယ်တော် တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Money ဟာ ဘေဘုတ်ရဲ့ ကျော်ကြားတဲ့ တေးသီချင်း ၁၀၀ စာရင်းမှာ ပါဝင်နေဆဲဖြစ်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

နိုဝင်ဘာ ၁ ရက်မှာ ဘေဘုတ်က ကျော်ကြားတဲ့ တေးသီချင်း ၁၀၀ စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ ယင်းစာရင်းမှာ Money ဟာ နံပါတ် ၉၀ နေရာမှာ ရပ်တည်နေပြီး ဒါဟာ သီတင်းပတ် ခုနစ်ပတ် ဆက်တိုက် အဆိုပါစာရင်းမှာ ရပ်တည်နေနိုင်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အေးပြည့်