ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ်သက်သာစေဖို့

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ကလေးက ဂျီကျနေတယ်။ အသက်ရှုသံလည်းပြင်းလို့၊ ဘာကျွေးကျွေးမစားဘူးပဲ လုပ်နေပြီလား။ ဒါဆိုရင်တော့ မိဘတွေအနေနဲ့ တွေးစရာတစ်ခုရှိတာက ဘေဘီလေးက နှာစေးနှာပိတ်များ ဖြစ်နေလားဆိုတာပါနော်။ အခုတစ်ခေါက်တော့ ဘေဘီလေးတွေ နှာစေးနှာပိတ်တဲ့အခါ ဘယ်လိုသက်သာအောင် လုပ်ပေးရမလဲဆိုတဲ့ အကြောင်းလေးတွေပါနော်။ နှာစေးတာ၊ နှာခေါင်းပိတ်တာက လူကြီးတွေမှာတောင် တော်တေ်ာလေးနေရခက်ပါတယ်နော်။ ဘာမှတောင်မပြောနိုင်သေးတဲ့ ကလေးလေးတွေမှာဆို ဘယ်လောက်များခံရခက်လိုက်မလဲ။

 

နှာစေးနှာပိတ်ခြင်း

နှာစေးနှာပိတ်တယ်ဆိုတာ နှာခေါင်းနဲ့လေပြွန်ထဲမှာ အရည်တွေ(ချွဲတွေ) များပြားစုပုံနေတဲ့ အခြေအနေတစ်ရပ်ပါ။ ပြင်ပအရာတစ်ခုခု နှာခေါင်းတွင်းဝင်ရောက်တဲ့အခါမှာလည်း ဒီလိုမျိုး တုံ့ပြန်နိုင်ပါတယ်။ ဓာတ်မတည့်တဲ့အရောတွ ဗိုင်းရပ်စ်တွေကို တုံ့ပြန်ဖို့လည်း နှာခေါင်းက ဒီနည်းလမ်းကိုပဲ အသုံးပြုတာပါ။ နှာခေါင်းပိတ်တဲ့အခါ ဘေဘီလေးတွေမှာ

 

  • အသက်ရှုရခက်တာ၊
  • အသက်ရှုတဲ့အခါ တခွီခွီမြည်တာမျိုးတွေကြားရတာ
  • နို့မစို့ဘဲ ငိုနေတာ
  • ပုံမှန်ထက် အသက်ရှုနှုန်းမြန်နေတာ
  • နှာခေါင်းထဲမှာချွဲတွေဖြစ်နေတာ
  • ချောင်းဆိုးတာ
  • အိပ်နေစဉ်မှာ အသက်ရှုသံပြင်းတာ၊ ဟောက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဘေဘီလေးတွေ နှာခေါင်းပိတ်တာ သက်သာစေဖို့

မိခင်နို့သဘာဝဆေးတစ်လက်ပေါ့။ အလွယ်ကူဆုံးနဲ့အရိုးစင်းဆုံးပါ။ စိတ်အချရဆုံးဆိုလည်း ဟုတ်ပါတယ်နော်။ နည်းလမ်းကတော့ ကလေးရဲ့နှာခေါင်းထဲကို မိခင်နို့ရည် တစ်စက် နှစ်စက်လောက်ချပေးလိုက်ပါ။ ပြီးရင် ကလေးကို မှောက်ထားလိုက်ပါ။ ခေါင်းလေးကို ခပ်မတ်မတ်လေးထားပေးဖို့တော့ လိုပါမယ်နော်။ ပြီးရင် ကလေးကို ထိုင်ရက်အနေအထားမှာ ထားပေးပါ။ ချွဲတွေပျော်ကျလာပါလိမ့်မယ်။

 

ဆားရည်ဆားကို ရေနွေးလေးနဲ့ဖျော်ပြီး နှာခေါင်းထဲကို တစ်စက်၊ နှစ်စက်လောက်ချပေးလိုက်ပါ။ ရေ တစ်ဗူးစာကို ဆားလက်ဖက်ရည်ဇွန်းနဲ့ ပုံတစ်ပုံပဲရောစပ်ရမှာပါနော်။

 

အစိုဓာတ်ထိန်းစက်လေးဖွင့်ပေးပါကလေးအိပ်နေတဲ့နေရာနားလေးမှာ အစိုဓာတ်ထိန်းစက်လေး ဖွင့်ပေးတာ၊ ကလေးနားနေတဲ့နေရာမှာ အစိုဓာတ်ထိန်းစက်လေး ဖွင့်ပေးတာမျိုးကလည်း ကလေးကို နှာစေးနှာပိတ်သက်သာစေမှာပါ။

 

ရေနွေးငွေ့ခံပေးပါကလေးကို ရေနွေးနွေးဇလုံထဲထည့်ပြီး ရေနွေးငွေ့ခံပေးတာမျိုး လုပ်ပေးပါ။ နို့တိုက်ရင်းဖြစ်ဖြစ် မိခင်ကချီထားရင်းဖြစ်ဖြစ် မိနစ် ၂၀ လောက်ရေနွေးငွေ့ခံပေးပါ။ ဒါကလည်း ကလေးနှာစေးနှာပိတ်တာကို သက်သာစေမယ့်နည်းလမ်းတစ်ခုပေါ့။

 

နှာခေါင်းတွင်းပိတ်နေတဲ့ ချွဲတွေကိုဖယ်ရှားပေးပါကလေးရဲ့ နှာခေါင်းတွင်းထဲနဲ့ အပြင်ဘက်မှာ နှပ်ချေးတွေ ချွဲတွေကပ်နေနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဂွမ်းစမှာရေနွေးနွေးလေးစွတ်လို့ သေချာဂရုတစိုက် လေးဖယ်ရှားပေးပါ။

 

ကျောလေးကို ခပ်ဖွဖွလေးပုတ်ပေးပါ –  ကျောလေးကို ခပ်ဖွဖွလေးပုတ်ပေးတာကလည်း ကလေးကနှာစေးတာကို သက်သာစေနိုင်ပါတယ်။ ကလေးကိုပေါင်ပေါ်မှာ မှောက်ရက်အနေအထားတင်ထားပြီး ကျောလေးကို လက်ဖဝါးသုံးလို့ ခပ်ဖွဖွလေးပုတ်ပေးပါ။ ပြီးရင် ကလေးကို ပေါင်ပေါ်မှာထိုင်ခိုင်းပြီး ခန္ဓာကိုယ်ကို အရှေ့ဘက်ကို ၃၀ ဒီဂရီလောက် ကိုင်းထားပေးပါ။ ဒီလိုလုပ်တာကခမဲတွေကို ပျော်စေပြီး ပြင်ပကိုထွက်လာစေမှာပါ။ နှာခေါင်းပိတ်တာကို သက်သာစေဖို့ အသုံးဝင်တဲ့ နည်းလေးတစ်ခုပေါ့။

 

ဘေဘီလေးတွေမှာ နှာစေးနှာပိတ်ခံစားနေရပြီး ဆေးတိုက်ဖို့ကလည်း ငယ်လွန်းသေးတယ်၊ ဆေးခန်းပြရမှာလည်း စိုးရိမ်မိတယ်ဆိုရင်တော့ ဒီနည်းလေးတေါက အသုံးတည့်မှာပေါ့။

ယခုဆောင်းပါးကို Myanmar Digital News မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်