ဘေးဘောင်မဲ့မျက်နှာပြင်ပြည့် CAMON CM စမတ်ဖုန်းနှင့် ဈေးနှုးသင့်တင့်သည့် စမတ်ဖုန်းသစ်များကို ပြည်တွင်းဈေးကွက်တွင် စတင်ရောင်းချ

နေပြည်တော် ၁၇ မတ်

 

TECNO Mobile မှ နောက်ဆုံး ထွက်ရှိလာသော ဘေးဘောင်မဲ့ မျက်နှာပြင်ပြည့် စမတ်ဖုန်းဖြစ်သည့် CAMON CM ၏ ၅ ဒသမ ၇ လက်မ အရွယ်မျက်နှာပြင်နှင့် ထူးခြားကောင်းမွန်ပြီး အသုံးပြုရလွယ်ကူစေမည့် 1:1 Split Screen လုပ်ဆောင်ချက် တစ်ခုပါဝင်သော စမတ်ဖုန်းသစ်အပါအဝင် ဈေးနှုန်းသင့်တင့်သည့် ထုတ်ကုန်လေးမျိုးကို ပြည်တွင်းဈေးကွက်တွင် စတင်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။ CAMON CM စမတ်ဖုန်းသည် မျက်နှာပြင်ကို နှစ်ပိုင်းခွဲပြီးသုံးစွဲနိုင်သည့် လုပ်ဆောင်ချက်ပါဝင်သောကြောင့် သုံးစွဲသူများအနေဖြင့် ဗီဒီယိုကြည့်ရှုနေစဉ် SMS ပို့နိုင်ခြင်း၊ Facebook သုံးနေစဉ် Email ပေးပို့ခြင်း စသည်တို့ကို တစ်ပြိုင်တည်း ပြုလုပ်နိုင်ကြောင်း သိရသည်။

 

၄င်းစမတ်ဖုန်းတွင် 720 HD ရုပ်ထွက်အရည်အသွေးပါဝင်ပြီး ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ စာရိုက်စာပို့ခြင်း တို့အတွက် ကောင်းမွန်သောအတွေ့အကြုံများအပြင် ကင်မရာပိုင်းဆိုင်ရာလုပ်ဆောင်ချက်နှင့် စွမ်းဆောင်ရည်များမှာ 13MP ပါဝင်သော ကျောဘက်နှင့် ရှေ့ဘက် Selfie ကင်မရာများတွင် အရောင်အသွေးစိုပြည်လှပသည့် Selfie ဓာတ်ပုံများ၊ အလှဓာတ်ပုံများ ရရှိနိုင်စေရန် Flash လုံးတပ် Mix-Flash နည်းပညာနှင့် Night Shot Algorithm နည်းပညာများ ပါဝင်သည့်အတွက် အလင်းရောင်နည်းပါးချိန် ရိုက်ကူးမှုအတွက်ကောင်းမွန်တဲ့ စမတ်ဖုန်း ဖြစ်ကြောင်းသိရသည်။ တတိယမျိုးဆက် 2.5 Corning မှန်သားမျက်နှာပြင်ကို တပ်ဆင်ပေးထားသောကြောင့် ရုပ်ထွက်ကောင်းမွန်ခြင်း၊ ထိတွေ့မှုလွယ်ကူမြန်ဆန်ခြင်း၊ စမတ်ဖုန်းမျက်နှာပြင် အက်ကွဲမှုနည်းပါးခြင်း စသည့်တို့အပြင် 1.3 GHz ပရိုဆက်ဆာ၊3GB RAM နှင့် 32GB သိုမှီးမှုပမာဏတို့ ပါဝင်ပြီး 3000mAh အား ဘက်ထရီတပ်ဆင်ပေးထားသည်။

 

ပြည်တွင်းဈေးကွက်မှ သုံးစွဲသူများအတွက် City Blue, Midnight Black, Champagne Gold စသည့်အရောင်သုံးမျိုးရရှိနိုင်ပြီး CAMON CM စမတ်ဖုန်းကို ဈေးကွက်ထဲမှာ ကျပ် ၁၉၉၀ဝဝ ဖြင့် ရောင်းချပေးလျက်ရှိကာ အခြားဈေးနှုန်းသင့်တင့်သော စမတ်ဖုန်းသုံးမျိုးကိုလည်း စတင်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။ 

 

ALEX