ဘောလီးဝုဒ် မင်းသားကြီး အမီတာဘဂျမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ

နယူးဒေလီ  ၁၂  ဇူလိုင်

 

ဘောလီးဝုဒ်မင်းသားကြီး အမီတာဘဂျမ်း နဲ့သားဖြစ်သူ အဗီရှိတ် တို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး လက္ခဏာ တွေ့ရှိတဲ့အတွက် မွမ်ဘိုင်းရှိဆေးရုံတစ်ရုံမှာ  စနေနေ့က စပြီး ဆေးကုသခံယူနေကြောင်း သိရပါတယ်။

 

 

အသက် ၇၇ နှစ်အရွယ် မင်းသားကြီး အမီတာဘဂျမ်းက သူ့ရဲ့ တွစ်တာအကောင့်ကနေ သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း၊ လွန်ခဲ့တဲ့ ၁၀ ရက် က သူနဲ့ အနီးကပ်ရှိဖူးသူအားလုံး အား ဗိုင်းရပ်စ်ပိုး စစ်ဆေးရန် ဆော်ဩထားပါတယ်။ သူ့သား အဗီရှိတ် မှာလည်း ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်းပါ တွစ်တာကနေ ပြောဆိုထားပါတယ်။

 

 မင်းသားကြီး အမီတာဘဂျမ်းရဲ့ တွစ်တာမှာ ၄၃ သန်းသော အကောင့်တွေ follow လုပ်ထားတာကို တွေ့ရပါတယ်။

 

 

နှစ်စဉ် အောက်တိုဘာ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ မင်းသားကြီး အမီတာဘဂျမ်းရဲ့ မွေးနေ့မှာ မွမ်ဘိုင်းရှိ မင်းသားကြီးအိမ်ရှေ့ကို သန်းချီတဲ့ အိန္ဒိယနိုင်ငံသားတွေက သွားရောက်ပြီး မင်းသားကြီးကို ဆုမွန်ကောင်း တောင်းပေးလေ့ရှိပါတယ်။

 

အသက် ၄၄ နှစ်အရွယ် သားဖြစ်သူ အဗီရှိတ် ဟာလည်း ဘောလီးဝုဒ်မင်းသား၊ ထုတ်လုပ်သူဖြစ်ပါတယ်။

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၈၅၀,၈၂၇ ဦးရှိတဲ့အတွက် ကမ္ဘာ့တတိယအများဆုံး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံး သူမှာ ၂၂, ၆၉၆ ဦးရှိကြောင်း ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုးကား - AFP