ဘော်ဒါဖလား မြန်မာ့ရိုးရာခြင်းလုံးဝိုင်းဖွဲ့ အမှတ်ခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

mdn

ရန်ကုန်   ၂   နိုဝင်ဘာ

 

၂၀၁၉ခုနှစ် မြန်မာ့ရိုးရာခြင်းလုံး အဖွဲ့ချုပ်က ကြီးမှူးကျင်းပသော ဘော်ဒါဖလား မြန်မာ့ရိုးရာ ခြင်းလုံးဝိုင်းဖွဲ့ အမှတ်ခတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ (၄)နာရီတွင် ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစား ပြိုင်ဝင်း မိုးလုံလေလုံအားကစား၌ ကျင်းပသည်။

 

ရှေးဦးစွာ ဘော်ဒါဖလားမြန်မာ့ ရိုးရာခြင်းလုံးဝိုင်းဖွဲ့ အမှတ်ခတ် ပြိုင်ပွဲကျင်းပရေး အတွက် အဓိကကူညီပံ့ပိုးခဲ့ကြသူများအား ဘော်ဒါအမှတ်တံဆိပ်မှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည် ။

 

ထို့နောက်ဘော်ဒါဖလား မြန်မာ့ရိုးရာဝိုင်းဖွဲ့အမှတ်ခတ်ပြိုင်ပွဲတွင် အမျိုးသား ၊အမျိုးသမီး (၄)ပေါက်တန်းပြိုင်ပွဲ ၊အမျိုးသား(၆)ပေါက်တန်းပြိုင်ပွဲ၊အမျိုးသား (၁၀)ပေါက်တန်း ပြိုင်ပွဲတို့တွင် ဆုရရှိသူများ၊ ထူးခြားဆု ရရှိသောအားကစားသမားများ ၊တက်သစ်စ အားကစားသမားများနှင့် အကောင်းဆုံး အားကစားသမားများအား ရန်ုကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ် နာယကများ၊ ဥက္ကဋ္ဌဦးသက်လွင်နှင့်တာဝန်ရှိသူများက တစ်ဦးချင်းဆု နှင့် ငွေးသားဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ဘော်ဒါဖလား မြန်မာ့ရိုးရာ ခြင်းလုံးဝိုင်းအဖွဲ့အမှတ်ခတ်ပြိုင်ပွဲ အမျိုးသား (၁၀)ပေါက်တန်း ပြိုင်ပွဲ ပထမဆုရ ဌေးရတနာအသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။

 

(သတင်းစဉ်)