ဘားအံ့မြို့နယ်တွင် ကားစက်ချို့ယွင်းကာ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်၍ (၅)ဦးသေ၊ (၁၄)ဦးဒဏ်ရာရ

နေပြည်တော် ၁၁ မေ

မေ ၁၀ ရက် နံနက် ၈ နာရီခွဲခန့်က ကရင်ပြည်နယ်၊ ဘားအံ့မြို့နယ်၊ ဖောင်တော်ဦးဘုရားသွား ကမော့ပေါတောင်တက်လမ်း၊ ငှက်ပျော်တော ဘုန်းကြီးကျောင်းအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ  ထီလုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွာရောက်စစ်ဆေးခဲ့သည်။

ဖြစ်စဉ်မှာ အောက်ရေပူကျေးရွာမှ ကျောက်တောင်ကျေးရွာ၊ ကမော့ပေါတောင်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ ဘုရာလမ်းခင်းရန်အတွက် လှိုင်းဘွဲမြို့နယ်၊ အောက်ရေပူကျေးရွာနေ စိုးမိုးကျော် (၁၉)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဦးစောညွန့်သန်း (၆၅)နှစ်ပါ (၁၉)ဦးတို့ လိုက်ပါလာသော 9K/×××× Canter ယာဉ်သည် အခင်းဖြစ်နေရာအရောက် စက်ချို့ယွင်းကာ လမ်း၏ဝဲဘက်ခြမ်းရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် လိုက်ပါသူ  ဦးစောညွန့်သန်း၊ ဒေါ်နန်းခုဖိုး၊ ဒေါ်လှဌေး၊ ဒေါ်နန်းယဉ်ကြည်နှင့် ဒေါ်တင်တင်တို့ (၅)ဉီးမှာ ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကျန် (၁၄)ဦးတွင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် စိုးမိုးကျော်အား ထီလုံနယ်မြေရဲစခန်း ယာဉ်(ပ) ၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

MDN