ဘားအံ  ၁ ဇွန်

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မြို့နယ်စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ စျေးကြီးအပါအဝင် ဈေးများကို ယနေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ဘားအံမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ဧပြီ ၂၃ ရက်မှ စတင်ကာ ဘားအံမြို့ပေါ်ရှိ စျေးများကို အမှတ် () ရပ်ကွက် ယာယီပျံကျစျေး၊ အမှတ် () ရပ်ကွက် ယာယီပျံကျစျေး၊ မဲဘောင်  ယာယီပျံကျစျေး စသည့်စျေး သုံးခုအဖြစ် ယာယီ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း၊  ယနေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် စည်းကမ်းချက်နှင့်အညီ ပုံမှန်စျေးဖွင့်ချိန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဘားအံမြို့နယ် စည်ပင်သာယာအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်လင်းထွန်း ထံမှ သိရသည်။

 

ပြန်လည်ဖွင့်လှစ်ရောင်းချသည့် စျေးများတွင် သတ်မှတ်ထားသည့် နေရာများ၌သာ ရောင်းချစေခြင်း၊ စျေးရောင်း/စျေးဝယ်သူများကို အပူချိန်တိုင်းတာခြင်း၊ လက်ဆေးစေခြင်း စသည့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။            

                                 

နေမျိုးလွင်(ပြန်/ဆက်)