အယ်လ်ဂျီးရီးယားတွင် စစ်လေယာဉ်ပျက်ကျ လေယာဉ်မှူး နှစ်ဦးသေဆုံး

၂၈ ဇန်နဝါရီ

 

အယ်လ်ဂျီးရီးယားနိုင်ငံ မြို့တော် အယ်လ်ဂျီးယား အရှေ့တောင်ဘက် ၄၅၀ ကီလိုမီတာအကွာရှိ  Oum El Bouaghi ပြည်နယ်တွင် ယမန်နေ့ညပိုင်းက ဆူခွိုင်း Su-30 လေယာဉ်ပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရမီဒီယာက သတင်းဖော်ပြထားသည်။

 

နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနက Oum El Bouagui ပြည်နယ် လေတပ်အခြေစိုက်စခန်းအနီးတွင် ပျက်ကျခဲ့သောလေယာဉ်သည် အယ်လ်ဂျီးရီးယားလေတပ်ပိုင် ဂျက်လေယာဉ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

 

5

 

အဆိုပါ လေယာဉ်ပျက်ကျမှု ဖြစ်ပွားသောနေရာသည် လူနေထိုင်သူမရှိသော ဒေသဖြစ်ကြောင်းနှင့် အသေးစိတ် အချက်အလက်များကို ထပ်မံမသိရှိရသေးကြောင်း ဖော်ပြထားသည်။

 

ထိုပြည်နယ်တွင် ဒုတိယ အကြိမ်မြောက်  လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက C-130 Hercules စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်သည် တောင်တန်းဒေသတွင် ပျက်ကျမှုဖြစ်ပွားခဲ့ပြီး လေယာဉ်ပေါ်ပါသူ ၇၇ ဦး သေဆုံးသွားခဲ့သည်။

 

၂၀၁၈ ခုနှစ် ဧပြီလက မြို့တော်အယ်လ်ဂျီးယား၏ အနောက်တောင်ဘက် ၃၀ ကီလိုမီတာ အကွာရှိ ဘူဖာရစ်ခ် တပ်မတော်လေဆိပ်မှ Ilyushin Il-76 စစ်လေယာဉ်တစ်စင်း ပျံသန်းထွက်ခွာပြီးနောက်မကြာမီ  ပျက်ကျခဲ့သဖြင့် စစ်သားများနှင့်၎င်းတို့၏ မိသားစုများအပါအဝင် လူ ၂၅၇ ဦးသေဆုံးခဲ့ရာ အယ်လ်ဂျီးရီးယားနိုင်ငံ၏သမိုင်းတွင် အဆိုးရွားဆုံးနှင့်အနောက်ကျဆုံး လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို