အဝေးကွင်းမှာ သရေရလဒ်ထွက်ပေါ်ခဲ့သည့် မန်ယူ

၂၀ သြဂုတ်


ပရီမီယာလိဂ် ပွဲစဉ်(၂) လက်ကျန်ပွဲစဉ်အဖြစ် ဝုလ်ဗ် အသင်းနှင့် မန်ယူအသင်းတို့ သြဂုတ် ၂၀ ရက် (အင်္ဂါနေ့ ) နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။ 


အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင် ကစားခဲ့ရသည့် မန်ယူအသင်းသည် ပထမပိုင်းပွဲချိန်  ၂၇ မိနစ်မှာ မာစီယဲလ် ၏ သွင်းဂိုးဖြင့် ဦးဆောင်ကစားနိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် အိမ်ရှင် ဝုလ်ဗ်အသင်း ကစားပုံကောင်းလာခဲ့ပြီး မန်ယူအသင်းကို ဖိအားပေးကစားခဲ့ရာမှ ပွဲချိန် ၅၅ မိနစ်မှာ ရူဘင်နေးဗတ်စ်က ချေပဂိုးပြန်လည် သွင်းယူခဲ့သည်။  ပွဲချိန် ၆၈ မိနစ်တွင် မန်ယူအသင်း ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ယင်းပင်နယ်တီကို ပေါ့ဘာ ကန်သွင်းယူခဲ့သော်လည်း ဝုဒ်ဗ် ဂိုးသမား လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့သည်။ 


မန်ယူအသင်းသည် ယခုပွဲစဉ်သရေရလဒ်ကြောင့် ရမှတ် လေးမှတ်ဖြင့် အဆင့် (၄)နေရာတွင် ရပ်တည်နေခဲ့သည်။ 


MDN