Avengers: Endgame ဇာတ်ကားရဲ့ ဝင်ငွေဟာ အမြင့်ဆုံးစံချိန်တင်ထား

၂၂ ဇူလိုင် 


မာဘယ်ရုပ်ရှင်ထုတ်လုပ်ကုမ္ပဏီကနေ ဖြန့်ချီတဲ့ Avengers: Endgame ဇာတ်ကားရဲ့ ဝင်ငွေဟာ Avatar ဇာတ်ကားတင်းထားတဲ့ဝင်ငွေကို ကျော်လွန်သွားပြီး အမြင့်ဆုံးစံချိန်တင်ထားတင်ထားကြောင်း သိရပါတယ်။


ကမ္ဘာမှာ ဝင်ငွေအများဆုံးရတဲ့ ဇာတ်ကားထဲမှာ ထူးခြားချက်အနေနဲ့ ၂၀၁၅ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား ၃ ကားနဲ့  ၂၀၁၈ ခုနှစ်က ထုတ်လုပ်ဖြန့်ချီခဲ့တဲ့ ဇာတ်ကား ၂ ကားပါဝင်တာကို တွေ့ရပါတယ်။ 


ဝင်ငွေအများဆုံး ရရှိထားသော ဇာတ်ကား ၁၀ မှာ 


၁။ ၂၀၁၉ တွင် ထုတ်ဝေဖြန့်ချီခဲ့တဲ့ Avengers: Endgame ဟာ အမေရိကန်ဒေါ်လာ ၂.၇၉၀၂ ဘီလီယံ ဝင်ငွေရှိခဲ့ကြောင်း သိရပါတယ်။ 


၂။ ၂၀ဝ၉ ခုနစ်တွင် ထုတ်ဝေဖြန့်ချီခဲ့တဲ့ Avatar ဇာတ်ကားရဲ့ ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၂.၇၈၉၇ ဘီလီယံရှိခဲ့ပါတယ်။ 


၃။ ၁၉၉၇ ခုနှစ်က ဖြန့်ချီခဲ့တဲ့ Titanic ဇာတ်ကားဟာ အမေရိကန်ဒေါ်လာ ၂.၁၉ ဘီလီယံ ဝင်ငွေရှိခဲ့ပါတယ်။ 


၄။ ၂၀၁၅ ခုနှစ်က ဖြန့်ချီခဲ့တဲ့ Star Wars: The Force Awakens ဇာတ်ကားဟာ အမေရိကန်ဒေါ်လာ ၂.ဝ၇ ဘီလီယံ ဝင်ငွေရရှိခဲ့ပါတယ်။ 


၅။ ၂၀၁၈ ခုနှစ်က ရုံတင်ခဲ့တဲ့ Avengers: Infinity War ဇာတ်ကားရဲ့ ဝင်ငွေဟာ ၂.ဝ၅ ဘီလီယံ ရှိခဲ့ပါတယ်။ 


၆။ ၂၀၁၅ ခုနှစ်က ရုံတင်ခဲ့တဲ့ Jurassic Worldဇာတ်ကားကတော့ အမေရိကန်ဒေါ်လာ ၁.၆၇ ဘီလီယံ ဝင်ငွေရှာနိုင်ခဲ့ပါတယ်။  


၇။ ၂၀၁၂ ခုနစ်က ပြသခဲ့တဲ့ The Avengers ကတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၅၁ ဘီလီယံ ရှိခဲ့ပါတယ်။


၈။ ၂၀၁၅ ခုနှစ်က ဖြန့်ချီခဲ့တဲ့ Fast & Furious 7 ဇာတ်ကားဝင်ငွေဟာ အမေရိကန် ဒေါ်လာ ၁.၅၁ ဘီလီယံ ရှိခဲ့ပါတယ်။ 


၉။ ၂၀၁၅ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ Avengers: Age of Ultron က အမေရိကန်ဒေါ်လာ ၁.၄၀ ဘီလီယံရှိခဲ့ပါတယ်။ 


၁၀။ ၂၀၁၈ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ Black Panther ကတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၃၅ ဘီလီယံရှိခဲ့ပါတယ်။ 

MDN


ကိုးကား - AFP

 

1