အုပ်စုနောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့သည့် မြန်မာအသင်းအမျိုးသမီး ဘောလုံးအသင်း

မန္တလေး ၉ ဧပြီ

 

၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု(က) ပွဲစဉ်များအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် မန္တလေးမြို့ရှိ မန္တလာသီရိဘောလုံးကွင်းနှင့် ဗထူးကွင်းတို့တွင် လက်ခံကျင်းပခဲ့ပြီး အုပ်စု(က)တွင် အိမ်ရှင် မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် နီပေါအသင်းတို့ ပါဝင်ခဲ့သည်။

 

44

 

အုပ်စုပွဲစဉ်များကို ဧပြီ ၃ ရက်၌ စတင်ကျင်းပခဲ့ပြီး အုပ်စုတတိယ နောက်ဆုံးပွဲစဉ်များကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် မန္တလာသီရိဘောလုံးကွင်းတွင် အိမ်ရှင် မြန်မာအသင်းနှင့် အိန္ဒိယအသင်း၊ ဗထူးကွင်းတွင် အင်ဒိုနီးရှားအသင်းနှင့် နီပေါအသင်းတို့ အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။

 

555

 

အိမ်ရှင် မြန်မာအသင်းနှင့် အိန္ဒိယအသင်း ပွဲစဉ်တွင် တစ်ဖက်သုံးဂိုးစီ သရေကြခဲ့ပြီး ရမှတ် (၇)မှတ်စီ အမှတ်တူသော်လည်း အိမ်ရှင်မြန်မာအသင်းက ဂိုးကွာခြားချက်ဖြင့် အုပ်စုနောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့သည်။ တစ်ချိန်တည်း ယှဉ်ပြိုင်ကစားသည့် အင်ဒိုနီးရှားအသင်းနှင့် နီပေါအသင်း ပွဲစဉ်တွင် နီပေါအသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 

MDN