အုန်းချိုမွှေးစိုက်ပျိုးထားခြင်းဖြင့် မိသာစုဝင်ငွေများရရှိ

လှိုင်းဘွဲ     ၂၆      ဇွန် 

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် Covid-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မိမိခြံဝင်းအတွင်း အုန်းချိုမွှေးများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသာစုဝင်ငွေများ ရရှိကြောင်း သိရှိရသည်။

 

အုန်းချိုမွှေးပင်များကို မြေကြီးထဲတွင် တိုက်ရိုက်စိုက်ပျိုးထားခြင်းထက် ၉ လက်မ(သို့မဟုတ်) ၁၈ လက်မရှိ ပျိုးအိတ်တွင် (၃)လကြာပျိုးထားပြီး ပြန်လည်စိုက်ပျိုးခြင်းက အထွက်နှုန်းပိုမိုကောင်း မွန်ကြောင်း သိရသည်။ အုန်းချိုမွေးကို တစ်ဧကလျှင် အပင်ပေါင်း(၁၆၀)ခန့် စိုက်ပျိုးနိုင်ပြီး တစ်ပင်နှင့်တစ်ပင် (၁၆)ပင်ခြား စိုက်ပျိုးခြင်း၊ ပထမတန်းနှင့်တတိယတန်းကို အညီစိုက်ပျိုးပြီး ဒုတိယတန်းက အဆိုပါ အပင်များ၏ အလယ်ကြားတွင် စိုက်ပျိုးရမည်ဖြစ်သည်။ အုန်းချိုမွေးကို အများအားဖြင့် အရည်သောက်ရန်အတွက် အဓိကထား စိုက်ပျိုးခြင်းဖြစ်သည်။

 

အုန်းချိုမွေးတစ်ပင်လျှင် တစ်နှစ်အတွင်း (၁၈)ခိုင်ထွက်ရှိပြီး တစ်ခိုင်လျှင် ၇ လုံးမှ အလုံး ၂၀ အထိ အသီးများသီးရာ တစ်လုံးလျှင် ၄၀ဝ နှုန်းရရှိသဖြင့် တစ်ဧကစိုက်ပျိုးထားပါက တစ်လလျှင် ၆ သိန်းဝန်းကျင်ခန့်ရရှိပြီး တစ်နှစ်ဝင်ငွေသိန်း ၈၀ နီးပါး ရရှိမှာဖြစ်သည်။ နှစ်ရှည်ပင်ဖြစ်သည့် အတွက် စိုက်ပျိုးစရိတ်ထက် အသီးရောင်းရငွေက ပိုများသဖြင့် စိုက်ပျိုးသူများအတွက် ဝင်ငွေကောင်းပြီး ထွက်ချေကိုက်လျက်ရှိကြောင်း အုန်းချိုမွေး စိုက်ပျိုးရောင်းချသူ ဒေါ်ဝတုတ်ထံမှ သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)