အဋ္ဌမအကြိမ် တစ်နိုင်ငံလုံး ဖိတ်ခေါ်အမှတ်အကြောပေး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

ပြင်ဦးလွင်   ၁၀  ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူးဖလား အဋ္ဌမအကြိမ်မြောက် တစ်နိုင်ငံလုံးဖိတ်ခေါ် အမှတ်အကြောပေး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇွန် ၉ ရက်က မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်နှင့် မန္တလေးတိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာ အားကစားကော်မတီ အတွင်းရေးမှူးမှ ပြိုင်ပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ အလှူငွေများ ပေးအပ်ခဲ့သည်။ 

 

အဆိုပါ ပြိုင်ပွဲကို  မေ ၃၀ ရက်မှ စတင်ကာ ပြိုင်ပွဲဝင် အားကစားသမားများ (၂၅၆)ဦးဖြင့် အကြီးတန်း၊ အငယ်တန်း၊ ဖိတ်ခေါ်အမှတ်အကြောပေး ဘိလိယက်နှင့် စနူကာပြိုင်ပွဲများ နေ့စဉ်ကျင်းပခဲ့ရာ ဆုရရှိသော အောင်ပွဲရ ကစားသမားများအား တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အားကစားသမားများနှင့် ဝါသနာရှင် ပြည်သူများ တက်ရောက်အားပေးခဲ့ ကြောင်း သိရသည်။ 

 

ဇော်မျိုးထိုက် (ပြင်ဦးလွင်)  

 

DSC_6