အဋ္ဌမအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး သံဃာ့ဝန်ဆောင် (ဒုတိယ) နှစ်ပတ်လည် အစည်းအဝေးကျင်းပ

နေပြည်တော် ၃ မတ်

 

အဋ္ဌမအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး သံဃာ့ဝန်ဆောင် (ဒုတိယ) နှစ်ပတ်လည် အစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ရုံးဝင်းအတွင်းရှိ မင်္ဂလာဈေး ဓမ္မာရုံ၌ ကျင်းပသည်။

 

6352

 

အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တဓမ္မာလင်္ကာရထံမှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရန်ကုန်တိုင်း သံဃာ့ဝန်ဆောင် နှစ်ပတ်လည် အစည်းအဝေး၏ သဘာပတိ၊ ရန်ကုန်တိုင်း ဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ (ဒွိပိဋကဓရအဂ္ဂမဟာ ပဏ္ဍိတ) ၏ အဖွင့်ဩဝါဒကထာကို နာယူကြသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သာသနာရေး ဆိုင်ရာများ တင်ပြ လျှောက်ထားပြီး အစည်းအဝေးသို့ ကြွရောက်တော်မူကြသော ရန်ကုန် တိုင်းဒေသကြီး ဩဝါဒါစရိယ ဆရာတော်များ၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့၊ တိုင်းဒေသကြီး သံဃာ့ဝန်ဆောင် ဆရာတော်တို့အား ဝန်ကြီးချုပ်နှင့် အလှူရှင် အပေါင်းတို့က လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

 

8532

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရန်အတွက် အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းကြရာ စုစုပေါင်းလှူဒါန်းငွေကျပ် သိန်းပေါင်း (၃၀ဝ) ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဥပတ္ထမ္ဘကအဖွဲ့ တို့က လက်ခံရယူသည်။

 

ယင်းနောက် တိုင်းသံဃာ့ဝန်ဆောင် နှစ်ပတ်လည် အစည်းအဝေး၏ သဘာပတိဆရာ တော် ဘဒ္ဒန္တအဂ္ဂသာမိထံမှ ရေစက်ချ အနုမောဒနာ တရားတော်ကိုနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။

 

အစီအစဉ် ဒုတိယပိုင်းတွင် အဋ္ဌမအကြိမ် ရန်ကုန်တိုင်းဒေသကြီး သံဃာ့ဝန်ဆောင် (ဒုတိယ) နှစ်ပတ်လည် အစည်းအဝေးကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် ရန်ကုန် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ (ဒွိပိဋကဓရ၊ အဂ္ဂမဟာ ပဏ္ဍိတ) က ဆောင်ရွက်၍ အခမ်းအနားမှူးအဖြစ် အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တ သုမင်္ဂလ (မဟာဂန္တဝါစကပဏ္ဍိတ)က ဆောင်ရွက်ပြီး တက်ရောက်စာရင်း ကြေငြာကာ တိုင်းပြုပါဒါစရိယဆရာတင် တန္တဇနက၏ ပါပါကလာကို တိုင်းဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တ အာဒိစ္စဝံသက ဖတ်ကြားလျှောက်ထားသည်။

 

144

 

ယင်းနောက် တိုင်းသံဃနာယကအဖွဲ့၏ သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာ ကိစ္စရပ်များ အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး အစည်းအဝေးသို့ တင်သွင်းပြီး၊ ရန်ကုန် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၏ နိဂမနုကလာကို နာယူကြပြီး အစည်းအဝေးသို့ ကြွရောက်တော်မူသော ဆရာတော်တို့အား သံဃဒါန ဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။

 

အခမ်းအနားသို့ တိုင်းဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိုင်းသံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိုင်းသံဃာ့ဝန်ဆောင် ဆရာတော်များ၊ တိုင်းသံဃနာယကအဖွဲ့၏ ဥပတ္ထမ္ဘက အဖွဲ့ဝင်များ၊ မေတ္တာပြည့်ဝ သာသနာပြုအဖွဲ့ ၊ လေးကျွန်းသူဖောင်ဒေးရှင်းနှင့် သာသနာပြုအဖွဲ့များ တက်ရောက် ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)