အထက(အင်္ဂပူ) ကျောင်းဆောင်သစ် ဖွင့်ပွဲကျင်းပ

အင်္ဂပူ မေ ၂၆

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် မေ ၂၆ ရက် နံနက်ပိုင်းက မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်သည်။

 

ဦးစွာ အထက(အင်္ဂပူ) ကျောင်းဆောင်သစ် ဖွင့်ပွဲမုခ်ဦးအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်း၊ မြန်အောင်ခရိုင် ပညာရေးမှူး ဦးမြင့်အောင်နှင့် မြို့မိမြို့ဖ ဦးဝင်းမြင့်တို့က ဖဲ ကြိုးဖြတ်ဖွင့်လှစ်သည်။ ဆက်လက်၍ ဝန်ကြီးချုပ်က အလှူငွေ ကျပ် ငါးသိန်းပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးလှထွဋ်က လက်ခံရယူပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးသည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ကျောင်းဆောင်သစ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းကာ ကျောင်းဆောင်သစ်နှင့် စာသင်ခန်းများအား လှည့်လည်ကြည့်ရှုသည်။ ကျောင်းဆောင်သစ်မှာ အလျား ပေ ၁၂၀၊ အနံ ပေ ၃၀ ရှိပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၇၂ ဒသမ ၆ သန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မန်းကျော်(ပြန်/ဆက်)