အထွေထွေရွေးကောက်ပွဲကျင်းပရန် ထိုင်းဘုရင်တိုက်တွန်းပြောကြား

၂၃ ဇန်နဝါရီ

 

ပြည်သူများ စောင့်စားခဲ့ရသည့် အထွေထွေရွေးကောက်ပွဲကျင်းပရန် စစ်တပ်ဦးဆောင်သော အစိုးရကို ထိုင်းဘုရင်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ အထွေထွေရွေးကောက်ပွဲကို မတ်လ ၂၄ ရက်နေ့တွင် ကျင်းပရန် ဖြစ်နိုင်ခြေရှိကြောင်း လက်ထောက်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

 

အထွေထွေရွေးကောက်ပွဲကျင်းပရန် ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန် က ယနေ့တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုပြောကြားချက်သည် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့ဖြစ်ကြောင်း ဖော်ပြထားသည်။

 

၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်တပ်အစိုးရက ထိန်းချုပ်ထားခဲ့ပြီး  အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးရန် ရွေးကောက်ပွဲကို ကျင်းပမည်ဟု ကတိပြုထားသော်လည်း ထိုရွေးကောက်ပွဲကျင်းပရေးကို အကြိ်မ်ကြိမ်ရွှေ့ဆိုင်းထားခဲ့ကြောင်း သိရသည်။

 

ကာကွယ်ရေး ဦးစီးချုပ်ဟောင်းဖြစ်ပြီး ဝန်ကြီးချုပ်ဖြစ်သူ ပရာယုဒ်ချန်အိုချာက နိုင်ငံကို ဆက်လက်ဦးဆောင်သွားမည့် အရိပ်လက္ခဏာ ပြခဲ့သည်။

 

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို

 

ာိည