အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို (၇) ရက် ထပ်မံတိုးမြင့်၍ ဆက်လက်ကပ်ထားကြေညာပေး

ဖာပွန် ၈ ဩဂုတ်


ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၇ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ သတ်မှတ်​နေရာ အသီးသီးတွင် (၁၄) ရက်ကြာ ကပ်ထား ကြေညာပေးခဲ့သည်။

 

ယခုအခါ ပြည်​ထောင်စု​ ရွေး​ကောက်ပွဲ​ကော်မရှင်၏ ညွှန်ကြားချက်အရ မဲဆန္ဒရှင် စာရင်းများကို ပိုမိုပြည့်စုံ မှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များလိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန် အတွက် ဩဂုတ် ၈  ရက်နေ့မှ ၁၄ ရက်နေ့အထိ (၇)ရက် ထပ်မံတိုးမြင့်၍ ဆက်လက်ကပ်ထား ကြေညာ​ပေးမည်ဖြစ်ကြောင်း၊ ဖာပွန်မြို့နယ်တွင် ဆန္ဒမဲ​ပေးပိုင်ခွင့်ရှိသူ (၂၀၀၀၀)​ကျော်တွင် ယ​နေ့အထိ မဲစာရင်းလာ​ရောက် ကြည့်ရှုသူ (၆၅၄၉) ဦး ဖြစ်​ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။


စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)