အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ဆိပ်ဖြူ    ၃၀  ဩဂုတ်

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂ဝ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဩဂုတ် ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ငွေသဲဖြူခန်းမတွင် ကျင်းပပြုလုပ်သည်။

 

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းက ဆိပ်ဖြူမြို့နယ်နှင့် ချောက်မြို့နယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံ၍ ပါတီစုံ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးနှင့် ပထမအကြိမ် မဲဆန္ဒရှင်စာများ ထုတ်ပြန်ကြော်ငြာချက်တွင်၊ မဲဆန္ဒရှင်များ၏ ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်လွှာများ ဆောင်ရွက်မှု အခြေအနေများ အမှားအယွင်းများမရှိ ပြင်ဆင်နိုင်ရေး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြော်ငြာနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနအသီးသီးတို့မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးတို့ကို လမ်းညွှန် အမှာစကားများ ပြောကြားခဲ့သည်။

 

ထို့နောက် ဆိပ်ဖြူမြို့နယ်နှင့် ချောက်မြို့နယ်တို့မှ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးတို့က သက်ဆိုင်ရာ မြို့နယ်များအတွင် ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတို့မှ တင်ပြလာသည့် မဲဆန္ဒရှင်များ၏  ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်လွှာများကို စီစစ်ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက မဲဆန္ဒရှင်များအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေမှု လုပ်ငန်းများကို တင်ပြပေးပြီး ချောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနှင့်၊ ဆိပ်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်တို့က သက်ဆိုင်ရာဌာန အသီးသီးနှင့် ပူးပေါင်းကာ ရွေးကောက်ပွဲ အောင်မြင်ရေး ပူးပေါင်း ဆောင်ရွက်နေမှုများကို ဖြည့်စွက်တင်ပြပေးခဲ့သည်။

 

ထိုသို့ တင်ပြချက်အသီးသီးအပေါ် မကွေးတိုင်းဒေသကြီး အစိုရအဖွဲ့ အတွင်းရေးမှူး ဖြည့်စွက်လမ်းညွှန် အမှာစကားများနှင့် လက်ရှိဖြစ်ပွားနေသော ကိုဗစ်(၁၉) ကူးစက်ပြန့်ပွားမှု မရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အလေးထား လိုက်နာဆောင်ရွက်ရေးတို့ကို လမ်းညွှန်ပေးခဲ့ကြောင်း သိရှိရသည်။

 

ကိုဇွဲ(အညာမြေ)