အသံထက်မြန်သည့် ခရီးသည်တင်လေယာဉ် ပထမဆုံးအကြိမ် စမ်းသပ်အောင်မြင်

၂၁ အောက်တိုဘာ


အဆိုပါ လေယာဉ် စမ်းသပ်ပျံသန်းမှုကို အင်္ဂလန်နိုင်ငံရှိ လေယာဉ်ကွင်းတစ်ခုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လန်ဒန်မြို့မှ နယူးယောက်မြို့သို့ ကြာမြင့်ချိန် သုံးနာရီအတွင်း အရောက်သွားနိုင်မည် ဖြစ်သည်ဟု သိရသည်။ စွမ်းအင်ကြီးမားသော ဂျက်အင်ဂျင်များ ပါဝင်ပြီး ခရီးသည် ၂၂ ယောက်အထိ လိုက်ပါစီးနင်းနိုင်မည်ဖြစ်ကာ လိုက်ပါစီးနင်းမည့် ခရီးသည်များအတွက် လေယာဉ် အတွင်းခန်းများကို သက်သောင့်သက်သာဖြင့် ဇိမ်ကျကျ စီးနင်းလိုက်ပါနိုင်ရန် ဖန်တီး တည်ဆောက်သွားမည်ဟု သိရသည်။ ခရီးတိုခုနစ်ခုကို စမ်းသပ်ပျံသန်းခဲ့ပြီး လာမည့်နှစ်တွင် အမြန်ဆုံးစံချိန်ဖြင့် ထပ်မံ စမ်းသပ် ပျံသန်းသွားရန် ရှိသည်ဟုသိရသည်။


“ တကယ့်လက်တွေ့ အခြေအနေမှာ စမ်သပ်းမှုကို လုပ်ခဲ့တာဖြစ်ပြီး အတုအယောင် ပတ်ဝန်းကျင်မှာ စမ်းသပ်ရတာထက် လိုအပ်တဲ့ အချက်အလက်တွေကို ပိုမိုကောက်ယူနိုင်ခဲ့ပါတယ်။ ပျံသန်း မောင်းနှင်မှုသာမက အခြားကဏ္ဍတွေ အတွက်လည်း အကျိုးရှိခဲ့ပါတယ်” ဟု လေယာဉ်တည်ဆောက်သည့် လုပ်ငန်းမှ အမှုဆောင်အရာရှိ ဗစ် ကာခိုရီယာက ပြောကြားခဲ့သည်။ ၎င်းလေယာဉ် ကိုယ်ထည်ကို ပိုမိုလျင်မြန်စေရန်နှင့် ပေါ့ပါးစွာ ပျံသန်းနိုင်ရန် တည်ဆောက် ဖန်တီးထားခြင်း ဖြစ်ပြီး ဘေးဘက်တွင် မှန်ပြတင်းများ တပ်ဆင်ပေးထားသောကြောင့် လိုက်ပါစီးနင်းသည့် ခရီးသည်များ ဘေးပတ်ဝန်းကျင် ရှုခင်းများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကာ လက်ရှိ စမ်းသပ်ပျံသန်းချိန်တွင် မြန်နှုန်း တစ်နာရီလျင် ၁၃၅၀ မိုင်နှုန်း ကျော်ရှိပြီး မိုင်ပေါင်း ၆၂၀ဝ ကို ဆက်တိုက် ပျံသန်းနိုင်သည်ဟု သိရသည်။

Alex