အသင်းလက်မဲ့ဖြစ်နေတဲ့ မော်ရင်ဟိုက ဒေါ့မွန်အသင်းနည်းပြဖြစ်လာရန် ဆန္ဒရှိဟုဆို

၁၁ ဧပြီ

ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်းနဲ့ အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းတို့ဟာ အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြမော်ရင်ဟိုကို ခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် နည်းပြမော်ရင်ဟိုကတော့ ဂျာမန်ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ နည်းပြဖြစ်လာဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မော်ရင်ဟိုဟာ ဒေါ့မွန်အသင်းအမှုဆောင်ချုပ်ဖြစ်သူ ဟန်ဂျိုအာချင်ဝက်ဇ်ကီနဲ့ ဆက်ဆံရေး ကောင်းမွန်နေတာကြောင့် နည်းပြဖြစ်ခွင့်ရမယ်ဆိုရင် ဒေါ့မွန်ကိုသာ ရွေးချယ်မယ်လို့ ဆိုပါတယ်။

ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့ရတာကြောင့် ပြိုင်ပွဲကနေထွက်ခွာခဲ့ရတဲ့ အသင်းဖြစ်ပြီး ဘွန်ဒက်လီဂါဆုဖလား ရယူနိုင်မယ့် လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိလာတဲ့အသင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမန်ပိုကယ်ဖလား ပြိုင်ပွဲမှာဆိုရင် ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီး ဝါဒါဘရီမင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းအနေနဲ့ ဘွန်ဒက်လီဂါဖလားပြိုင်ပွဲရဲ့ အမှတ်ပေးဇယားမှာ ထိပ်ဆုံးက ဘိုင်ယန်မြူးနစ်အသင်းနဲ့ တစ်မှတ်ကွာ အနေအထားကို ရောက်ရှိနေပါတယ်။ မော်ရင်ဟိုကို နည်းပြအဖြစ် ပြန်လည်ထမ်းဆောင်ခွင့် ရမယ်ဆိုရင် ဘယ်အသင်းကို ရွေးချယ်မလဲဆိုတဲ့ မီဒီယာတွေရဲ့မေးမြန်းချက်ကိုတော့ ဘွန်ဒက်လီဂါမှာပဲ နည်းပြလုပ်ချင်တယ်လို့ ဆိုပါတယ်။

ငွေကြယ်