အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်း ရမ်းဗြဲမြို့နယ်၌ ဖွင့်လှစ်

ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ရမ်းဗြဲမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

အဆိုပါသင်တန်းသို့ ရမ်းဗြဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၁)အုပ်စုမှ သင်တန်းသား ၂၅ ဦး တက်ရောက်ကြပြီး မြို့နယ်အတွင်းရှိ ဆိုင်ကယ်စက်ပြင်ကျွမ်းကျင်သူများမှ စာတွေ့ လက်တွေ့ ၁၄ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။

 

တင်ထွန်း(ပြန်/ဆက်)