အသက် ၅ နှစ်အောက် ကလေးငယ် သုံးပုံတစ်ပုံဟာ အာဟာရချို့တဲ့ (သို့မဟုတ်) အဝလွန်ကြောင်း ယူနီဆက် ထုတ်ပြန်

၁၅ အောက်တိုဘာ

 

ကမ္ဘာ့ကလေးဦးရေရဲ့ သုံးပုံတစ်ပုံ တစ်နည်းအားဖြင့် သန်း ၇၀ဝ နီးပါးဟာ အာဟာရချို့တဲ့ (သို့မဟုတ်) အဝလွန်နေကြောင်း အင်္ဂါနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ကလေးတွေက အစားအစာကို ချို့တဲ့စွာ စားသုံးရင် အနေအထိုင်မှာလည်း ဆင်းရဲမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာစားဖို့ မြေပြင်ကိုဆင်းပြီး လုပ်ဆောင်ရာမှာ မအောင်မြင်ခဲ့ဘူးလို့ ယူနီဆက် အုပ်ချုပ်ရေးဒါရိုက်တာ အမျိုးသမီး ဟင်နရီရက်တာဖိုးက ပြောကြားပါတယ်။

 

ကလေးငယ်တွေရဲ့ အာဟာရနဲ့ ပတ်သတ်တဲ့ ပြဿနာတွေကို လေ့လာကြည့်ရာမှာ ချမ်းသာတဲ့ တိုင်းပြည်တွေကတစ်ဖက် ဆင်းရဲမှုနဲ့ ဝင်ငွေ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေက ဖြစ်နေတာကို တွေ့ရပါတယ်။ ၁၉၉၀ ကနေ ၂၀၁၅ အတွင်းမှာ ၄၀ ရာခိုင်နှုန်းလောက် အာဟာရချို့တဲ့ အစားအစာကို စားသုံးမှု ကျဆင်းခဲ့ပေမယ့် အသက် ၄ နှစ်နဲ့အောက် ကလေးငယ် ၁၄၉ သန်းက အသက်အရွယ်ထက် အရပ်ပုနေတာမျိုးနဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု သက်ရောက်မှုမျိုးတွေ ခံစားရကြောင်း သိရပါတယ်။

 

နောက်ထပ် သန်း ၅၀ သော ကလေးငယ်တွေက ဆင်းရဲစွာ မွေးဖွားခဲ့ခြင်းကြောင့် အလွန်အမင်း ပိန်လွန်းခြင်း၊ အားအင်မရှိခြင်းတွေ ဖြစ်တာမျိုးတွေ့ရပါတယ်။ တစ်ချိန်တည်းမှာ ကမ္ဘာ့ကလေးဦးရေ တစ်ဝက်လောက်ဟာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် မပြည့်ဝတာကိုတွေကြောင့် ယူနီဆက်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

အနှစ်သုံးဆယ်ကျော်အတွင်းမှာ အဝလွန်ဖြစ်နေတဲ့ ကလေးငယ်တွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ တွေ့ရပါတယ်။ ကမ္ဘာမှာ အသက်အရွယ်စုံ ကလေးငယ် သန်း ၈၀ဝ ဟာ ဆာလောင်နေချိန်မှာ ကလေးငယ်နှစ်သန်းက အစားအစားကို အလွန်အမင်းစားသုံးတဲ့အတွက် အဝလွန်ရောဂါ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ခံစားရကြောင်း သိရပါတယ်။

 

MDN

ကိုးကား- AFP