အသိပညာဖလှယ် ရုံးချုပ်နှင့် တိုင်း/ပြည်နယ် ပိုစတာပြပွဲပြိုင်ပွဲ၊ ပြိုင်ပွဲဝင်ပိုစတာများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ

နေပြည်တော် မတ် ၂၈

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အကြို “အသိပညာဖလှယ် ရုံးချုပ်နှင့် တိုင်း/ပြည်နယ် ပိုစတာပြပွဲပြိုင်ပွဲ”  ပြိုင်ပွဲဝင် ပိုစတာများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊နဝရတ် ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယနေ့အခမ်းအနားကို  မိမိတို့ရုံး၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုးတက်ပြောင်းလဲဖြစ်ပေါ်မှုများကို အချိန်တိုအတွင်း သိရှိစေရန်၊ ပညာရပ်ဆိုင်ရာ အသိပညာ၊ ဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပိုစတာပြပွဲပြိုင်ပွဲတွင် ရုံးချုပ်မှ ပိုစတာ(၅) ခု၊ တိုင်းဒေသ ကြီး/ ပြည်နယ်မှ ပိုစတာ(၄)ခု၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ ပိုစတာ(၁)ခု စုစုပေါင်း ပိုစတာ (၁၀)ခု ပါဝင်ယှဉ်ပြိုင်ပြသသွား မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ကျင်းပခြင်းဖြင့် ဝန်ထမ်းများ၏ ရှင်းလင်းတင်ပြနိုင်မှုစွမ်းရည်၊ မေးခွန်းမေးမြန်းနိုင်မှုစွမ်းရည်နှင့် ပြန်လည် ဖြေကြားတုံ့ပြန်နိုင်မှု စွမ်းရည်များ မြင့်မားလာစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ပိုစတာ ပြပွဲပြိုင်ပွဲမှ ရရှိသည့်အတွေ့အကြုံ၊ ဗဟုသုတများကို လုပ်ငန်းခွင်တွင် လက်တွေ့ပြန် လည်အသုံးပြု၍ မိမိတို့ဆောင်ရွက်ရသည့် အခန်းကဏ္ဍအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိ သရွေ့ ကြိုးစားပြီး အရည်အသွေးများတိုးတက်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ကြစေ လိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက်  ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ပြိုင်ပွဲဝင်များက ပါဝင်ယှဉ်ပြိုင်သည့်ပိုစတာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေး နွေး၍ ပထမနေ့ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

အလားတူ ပိုစတာပြပွဲပြိုင်ပွဲရှင်းလင်းတင်ပြမှု ဒုတိယနေ့ကို မတ် ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ ရုံးချုပ်မှ သက်ဆိုင်ရာ ဌာနခွဲအလိုက် ပြိုင်ပွဲဝင် ပိုစတာ (၅) ခုကို ရှင်းလင်းတင်ပြသွားမည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု (၂)ဆုကို နှစ်ပတ်လည်နေ့အခမ်းအနားတွင် ဆုချီးမြှင့်ပေးအပ်သွားမည် ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမနှင့် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းခန်းမတို့မှလည်းကောင်း၊ တိုင်းဒေ သကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြား ရေးမှူးများနှင့် ဝန်ထမ်းများက Online ဖြင့်လည်းကောင်း တက်ရောက်ကြသည်။

သတင်းစဉ်