အသားညှပ်ပေါင်မုန့် လုပ်တာကြာတဲ့အတွက် ပစ်သတ်ခံရ

၁၉ သြဂုတ်


ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ်မြို့ အရှေ့ဘက်ရှိ Noisy-le-Grand ရပ်ကွက်ထဲက ကဖေးဆိုင်တစ်ဆိုင်မှာ အသားညှပ်ပေါင်မုန့် ဆန်းဒွတ်ချ်(sandwich) ဝယ်ယူရာတွင် စောင့်ရတာကြာတဲ့အတွက် မုန့်လုပ်သူကို ဈေးဝယ်သူက ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက သေနတ်နဲ့ ပစ်လိုက်ကြောင်း သိရပါတယ်။ 


အသက် ၂၈ နှစ်အရွယ် မုန့်လုပ်သူစားပွဲထိုးရဲ့ ပခုံးကို ဈေးဝယ်သူက သေနတ်နဲ့ပစ်ပြီး အဲဒီနေရာကနေ ထွက်ပြေးသွားကြောင်း၊ မုန့်လုပ်သူက ကြာလွန်းတဲ့အတွက် ဒေါသကို မထိန်းနိုင်တဲ့အတွက် ပစ်လိုက်တာဖြစ်ကြောင်း မျက်မြင်သက်သေက ပြောပါတယ်။ 


လုပ်ဖော်ကိုင်ဖက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့အတွက် ရဲကို ဖုန်းဆက်ခေါ်ပြီး အသက်ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် နေရာတွင် ကွယ်လွန်ခဲ့ပါတယ်။ 


သေနတ်နဲ့ပစ်သူလို့ သံသယတရားခံက ထွက်ပြေးနေဆဲဖြစ်ပါတယ်။ အဲဒီအကြောင်းကို ကြားတဲ့ ဒေသခံတွေအတွက် ဆန်းဒွတ်ချ်အတွက် လူသတ်တာကို မယုံနိုင်စရာဖြစ်နေကြပါတယ်။ 


သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ နယ်မြေဟာ ရာဇဝတ်မှုများပြားသလို၊ မူးယစ်ဆေးနဲ့ အရက်သေစာ သုံးစွဲသူများ အများအပြားနေထိုင်တဲ့နေရာဖြစ်ပါတယ်။
 

MDN


ကိုးကား - AFP