အရက်မူးပြီး ချောင်းအတွင်းခြေချော်ကျစဉ် ရေစီးနှင့်မျောပါ ရေနစ်သေဆုံးမှု မယ်စဲ့၌ဖြစ်ပွား

မယ်စဲ့ ၂၃  သြဂုတ် 


ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ယမန်နေ့ညက နမ့်မန်းကျေးရွာ ရေကျော်တံတား ဆောက်လုပ်နေသော အလုပ် သမားတစ်ဦး အရက်မူး၍ နမ့်မန်းချောင်းအတွင်း ခြေချော်ပြုတ်ကျစဉ် ရေစီးနှင့်မျောပါကာ ရေနစ်သေဆုံးသွားကြောင်း မယ်စဲ့မြို့မရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ ယမန်နေ့ည ၁၀ နာရီခန်က နမ့်မန်းကျေးရွာ ရေကျော်တံတား ဆောက်လုပ်နေသော လုပ်ငန်းခွင်မှ အလုပ်သမား မောင်မောင်နိုင်(ခ)ဘုရေ အသက်(၄၄နှစ်) သိပ္ပံလမ်း၊ ဒေါတမရပ်ကွက်၊ လွိုင်ကော်မြို့နေသူသည် ထမင်းစားဆောင်သို့ ထမင်းလာစားပြီး ၎င်း၏တဲသို့ပြန်စဉ် အရက်မူး၍ ခြေချော်ကာ နမ့်မန်းချောင်းအတွင်းပြုတ်ကျ၍ ရေစီး နှင့်မျောပါသွားကြောင်း၊ လိုက်လံရှာဖွေရာ ချောင်းအောက်၂ ဖာလုံခန့်အကွာရှိ သစ်ပင်တွင် တင်နေပြီး သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။


အဆိုပါသေဆုံးမှုအား မယ်စဲ့မြို့မရဲစခန်းက ဓမ္မာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


ဝတ်ရည်(ပြန်/ဆက်)