အရိုင်းစံပယ်

အောင်လင်း

၁၉-၁၀-၂၀၂ ရက်နေ့မှအဆက် 
“မ” ကိုချစ်တဲ့စိတ်ကြောင့် ခုလို ထိန်းမရဘဲ ဖြစ်သွားတာပါ။ ဒါနဲ့ ပတ်သက်ပြီ။ နောက် တစ်ကြိမ်မှာ ကိုယ်လိုချင်တဲ့အဖြေကိုပေ။နိုင်အောင် စဉ်းစားထားစေချင်တယ်။ ကိုယ်သွားဦးမယ်နော် 'မ' သည် ကိုခင်မောင်ကြည် နှုတ်ဆက်သည်ကို ခေါင်းညိတ်ရုံသာ ညိတ်လိုက်မိသည်။ 'မ' ၏ အာရုံကာ ကိုဘခက်ဆီသို့ လုံးလုံးရောက်၍သွား။ လေသည်။
ကိုဘခက်၏အပြုအမူကိုလည်း လုံးဝနားမလည် နိုင်အောင်ရှိတော့သည်။ အမှန်ဆိုလျှင် သည်လို အဖြစ်မျိုးကို တွေ့မြင်နေပါလျက်နှင့် ခုလို ရှောင် ထွက်၍မသွားသင့်ပေ။
တပည့်မတစ်ဦးအနေနှင့်ဖြစ်စေ၊ မိတ်ဆွေတစ်ဦး။ အနေနှင့်ဖြစ်စေ၊ ကူညီစောင့်ရှောက်ဖို့ ဝတ္တရားရှိ သည်။ ယခုမူ ကိုဘခက်သည် သူနှင့် လုံးဝမဆိုင် သောကိစ္စတစ်ခုအနေနှင့် မျက်နှာလွှဲ၍သွားသည်။ ဘာမျှမဆန်းသောကိစ္စတစ်ခုကို မြင်တွေ့လိုက်ရ သကဲ့သို့ အေးစက်စက်ဖြင့် ရှောင်ထွက်သွားသည်။ 'မ'သည် တွေးရင်၊ ကိုဘခက်ကို မကျေချမ်းနိုင်
အောင်ရှိတော့သည်။ နှစ်စရာရှိလျှင် ကယ်မည့်သူ တွေ့လျက်နှင့် ရက်စက်စွာ မျက်နှာလွှဲသွားသဖြင့် ကိုယ်သာနစ်နာရပေတော့မည်။ သည်တော့မှလည်။ ခဏတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အားလုံးကို
တွေးရင်း ဝမ်းနည်းလာသည်။ ရှက်လာသည်၊ ဒေါသ လည်းဖြစ်လာသည်။ 'မ' သည် ကျိတ်၍ငိုနေရာမှ ရှိုက်လာသည်။ ရှိုက်သံများလည်း တိတ်ဆိတ်သောအခန်းတွင်းသို့ ပျံ့လွင့်၍လာသည်။ ပေါင်ပေါ်တွင် မျက်နှာအုပ်၍ ငိုလိုက်မိသည်။
ထိုအတွင်းမှာပင် ရှိုက်သံနှင့် ရောထွက်လာသော စောင်းသံလွင်လွင်ကို ကြားလိုက်ရပြန်သည်။ စောင်းသံသည် တဖြည်းဖြည်။ ပို၍ကျယ်လာသည်။ 'မ' သည် စောင်းသံကိုကြားရသဖြင့် မခံမရပ်နိုင်အောင်ရှိတော့သည်။
အမှန်တော့လည်း ကိုဘခက်၏စောင်းသံသည် “မ” ကို လှောင်သလို ရှိတော့သည်။ “မ' သည် ကလေးငယ်တစ်ယောက်ကဲ့သို့နေရာမှထ၍စန္ဒရာ။ ကို အသံဖွင့်၍ မွှေလိုက်သည်။
ဧည့်ခန်းတစ်ခုလုံးမှာ စန္ဒရာ။သံကလွဲ၍ ဘာသံမှ မကြားရတော့ချေ။ “မ” သည် ဒေါသဖြစ်တိုင်၊ စန္ဒရားကို တအားမွှေ၍ တီးလိုက်လေသည်။ တီ။သည်ဆိုသော်လည်း သီချင်းကိုတီးခြင်းမဟုတ်။ အသံစဉ်ကိုစမ်းခြင်းမဟုတ်။
လက်ဆယ်ချောင်းကို စန္ဒရားခလုတ်ပေါ်တင်၍ မနာ။တမ်းမွှေလိုက်ခြင်းဖြစ်သည်။ မကျေနပ်တိုင်။ ခေါင်းကိုငုံ့၍ စန္ဒရားကို တီးနေမိတော့သည်။ အတန် ကြာအောင်တီးပြီးမှ မောလာဟန်ရှိသည်။ ခဏမျှ နာ။ပြီးလျှင် ခေါင်းကိုမော့၍ တအားပြန်၍တီးလိုက် သည်။ သည်တစ်ကြိမ်တွင်မှ “မ” သည် စန္ဒရားကိုတစ်ရှိန်ထိုးမွှေနေရာမှ ရပ်လိုက်မိသည်။
သူ့ရှေ့တည့်တည့်တွင် စန္ဒရားခုံကို လက်ထောက် ၍ မတုန်မလှုပ်ကြည့်နေသော ကိုဘခက်ကို တွေ့ရ သည်။ “မ' သည် ကိုဘခက်မျက်နှာကိုမြင်ရမှ ပို၍ဒေါသ ဖြစ်မိသည်။ ကိုဘခက်သည် သူ့ကို တမင်အဖွဲ့ တိုက်နေသည်။ သရော်နေသည်ဟုလည်း ထင် သည်။ “မ” သည် ကိုဘခက်ကို မျက်တောင်မခတ် စိုက်၍ ကြည့်နေမိသည်။ ရန်တွေ့လိုသောကြောင့် သူ့နှုတ်ခမ်းကလေးများ မှာလည်း တဆတ်ဆတ်တုန်၍နေသည်။ “စောစောက ‘မ’ကို အနှောင့်အယှက်ပေးမိတာကို ကျွန်တော်တောင်းပန်ပါတယ်”
ကိုဘခက်က တောင်းပန်မှ “မ” မှာ ပို၍ဒေါသ ဖြစ်မိပြန်သည်။ “ဘာလဲ ... ဘာအနှောင့်အယှက်ပေးတာလဲ” 'မ'က အသံခပ်မာမာဖြင့် ပြန်၍မေးလိုက်သည်။
ကိုဘခက်ကမူတကယ်ပင်စိတ်မကောင်းဟန်ဖြင့် ဆက်၍ တောင်းပန်လိုက်ပြန်သည်။
“ကျွန်တော် ဒီဧည့်ခန်းကို ဝင်လာတာဟာ 'မ' တို့ကို အနှောင့်အယှက်ဖြစ်မယ်ဆိုရင် ဝင်မိမှာ မဟုတ်ပါဘူး” “တော်ပြီ ဆရာ၊ “မ” ကို နောက်ထပ်ဘာမှမပြောနဲ့ တော့” “မ' သည် သူ့စိတ်ကိုသူ မထိန်းနိုင်တော့ပေ။
ဒေါသသံဖြင့် ပြောလိုက်သော်လည်း မျက်ရည် များက တလိမ့်လိမ့်စီးကျလာသည်။ ။
ကိုဘခက်ကမူ “မ” ကိုသာ ဆို့နှင့်သောမျက်လုံး များဖြင့် ကြည့်နေတော့သည်။
ကြီးမားသောအပြစ်တစ်ခုကို ကျူးလွန်မိသူကဲ့သို့ ယူကျုံးမရဖြစ်နေဟန်လည်းရှိသည်။ “ကျွန်တော့်စကားဆုံး အောင်တော့ ပြောပါရစေ။
ကျွန်တော်စိတ်အထိခိုက်ဆုံးကတော့ 'မ' မှာ ခုလို ရည်စူးပြီးသာ။လူ ရှိနေမှန်းသိရင် ကျွန်တော်ဟာ ‘မ’ ဆီက မရနိုင်တဲ့ပစ္စည်းကို ခုလိုတောင်းမိမှာ မဟုတ်ဘူး။ ခုတော့ .....”
“တော်ပါတော့ ဆရာ၊ ဆရာပြောတာတွေ တစ်ခုမှမဟုတ်ဘူးသိလား။ ဆရာ “မ”ကို စိတ်ညစ်
အောင် ဘာလို့တမင်ရဲ့ တိုက်နေတာလဲ။ ဆရာ မကောင်းဘူး။သိလာ။ ဆရာ့ကို “မ” စိတ်ဆိုးတယ်”
'မ' သည် ငိုရင်း ရန်တွေ့လိုက်သည်။ ခုတော့ လည်။ “မ” ၏အပြုအမူမှာ ကလေးဆန်လှသည်။ ကိုဘခက်ကိုယ်တိုင် “မ” ၏အဖြစ်ကို နားမလည်နိုင် အောင်ရှိတော့သည်။ ။ “ကျွန်တော် “မ' ကို ဘာမှအရွဲ့မတိုက်ပါဘူး။ ကျွန်တော့်အပြစ်အတွက် ကျွန်တော် ယူကျုံးမရ ဖြစ်မိလို့ တောင်းပန်တာပါ” “မဟုတ်ဘူးဆရာ..မဟုတ်ဘူး။ ဆရာထင် တာတွေ တစ်ခုမှမဟုတ်ဘူး သိလာ။ “မ” ကို သူ စော်ကားတာကို ဆရာကြည့်နေရက်တာ အံ့သြ တယ်။ ဆရာ့ကို “မ” သိပ်စိတ်ဆိုးတယ် ... သိလား။”
'မ' သည် ရန်တွေ့ရင်း စန္ဒရားကို လက်သီးဆုပ် ကလေးဖြင့် ထုနေတော့သည်။ ထိုအခါတွင် ကိုဘခက်သည် “မ” အနားသို့ တိုးရပ်လိုက်သည်။ ပြီးမှ “မ”၏ လက်နှစ်ဖက်ကို အသာဆွဲယူ လိုက်ပြီးလျှင် စန္ဒရားအဖုံးကိုပိတ်လိုက်သည်။ 'မ' သည် သူနှင့် မျက်နှာချင်းဆိုင်ရပ်၍နေသော ကိုဘခက်ကို မော့ကြည့်လိုက်သည်။ တစ်ယောက် နှင့်တစ်ယောက် အတန်ကြာအောင် ဘာမျှမပြောဘဲ ငြိမ်၍ကြည့်နေကြသည်။
“ဒီလိုဆိုရင်တော့ ကျွန်တော် အထင်မှားမိတယ် 'မ'ရား ကျွန်တော်လည်း စိတ်မကောင်းပါဘူး။ ရုတ်တရက်မြင်လိုက်ရတော့ ကျွန်တော့်ရင်ထဲမှာ နှင့်သွားတယ်။ ယူကျုံးမရလည်း ဖြစ်တယ်။ ဒါကြောင့် ကျွန်တော့်စိတ်ကိုဖြေတဲ့အနေနဲ့ စောင်။ ကို ကောက်တီ။မိတာပါ။ တကယ်ဆိုတော့ “မ” ကို နိုင်ထက်စီးနင်း စော်ကားတယ်လို့ ကျွန်တော် လုံးလုံးမရိပ်မိပါဘူး။ ဒီလိုမရိပ်မိတာလည်။ ကျွန်တော် မွှန်နေလို့ပါ။ ရုတ်တရက်မြင်တွေ့လိုက် ရတော့ ကျွန်တော့်ရင်ထဲမှာ မီးတောင်ကြီးပေါက်ကွဲ သလိုခံစားရတယ်။ ကျွန်တော် အစိုးရိမ်လွန်မိတယ်။ ဒီလိုဖြစ်ရတာကလည်း တခြားကြောင့်မဟုတ်ဘူး။ ကျွန်တော် 'မ'ကိုဆုံးရှုံးမှာ အကြောက်ကြီးကြောက် မိလို့ပဲ။ ကျွန်တော့်ကိုခွင့်လွှတ်ပါ “မ” ရယ်” ။
ကိုဘခက်သည် ကြေကွဲလှိုက်လှဲသောအသံဖြင့်  ဝမ်းပန်းတနည်။ တောင်းပန်လိုက်သောအခါ 'မ' မှာ ဘာကိုမျှ ပြန်၍မပြောနိုင်တော့ချေ။ ကိုယ့် အဖြစ်ကို ကိုယ်ရှက်သလိုပင် ဖြစ်မိသည်။ အမှန်
တော့ 'မ' သည် ကိုဘခက်၏အကြင်နာအယုအယ ခံယူလိုကြောင်း ထင်ရှားနေသည်။ ကိုဘခက်သည် 'မ' ကို ဆို့နှင့်သောမျက်လုံးများဖြင့် ကြည့်နေသည်။ 'မ' သည် ကိုဘခက်ကိုပင် အားတုံ့အားနာ ပြန်၍ ဖြစ်မိသည်။ သူ၏ ကလေးဆန်သောအပြုအမူများ အတွက်လည်း ရှက်မိသည်။ “မ” သည် ခေါင်းငုံ့၍
သာ ကိုယ့်စိတ်ကို ပြန်တင်းထားလိုက်သည်။ မည်သို့ တင်းထားသော်လည်း တစ်ချက်တစ်ချက်ရှိုက်လိုက်၊
သော ရှိုက်သံကလေးများကမူ ပွင့်လျှံ၍ ထွက်လာ တတ်သည်။ သည်တော့မှလည်း ကိုဘခက်က 'မ' ၏အဖြစ်ကို နားလည်တော့သည်။
ကိုဘခက်သည် “မ” ၏ မေးဖျားကလေးကို လက်ညှိုးကလေးဖြင့် မ၍တင်လိုက်သည်။ 'မ' သည် | ကလေးငယ်ကဲ့သို့ အလိုက်သင့် မော့၍ပေးလိုက်
သည်။ ကိုဘခက်သည် “မ” ၏ပါးပြင်ပေါ်မှ စီးကျ နေသော မျက်ရည်စများကို လက်ဖဝါးဖြင့် သုတ်၍ ပေးလိုက်သည်။ သည်တော့မှ “မ” က ပို၍ဝမ်းနည်း
လာသည်။ ကိုဘခက်၏ ကြင်နာသောအပြုအမူများ သည် သူ့ရင်ထဲတွင် ပို၍ခိုက်လာမိသည်။
““မ” ကို ဆရာ စိတ်မဆိုးဘူးနော်” 'မ' ၏ အက်ကွဲကွဲအသံကလေးမှာ ကိုဘခက်အဖို့ ပို၍သနားဖွယ်ကောင်းတော့သည်။ ကိုဘခက်သည် “မ”၏ ပါးမို့မို့ကလေးနှစ်ဖက်ကို လက်ဖဝါးဖြင့် ခပ်ဖွဖွညှပ်လိုက်သည်။ “မ” သည် ကိုဘခက်ကို အသနားခံသော မျက်နှာကလေးဖြင့် ကြည့်နေရှာ သည်။ မျက်ရည်ရွှဲနေသော မျက်လုံးကလေးများမှာ ရွဲလုံးကလေးပမာ လည်၍နေတော့သည်။
“မ”ကို စိတ်ဆိုးစရာအကြောင်း တစ်ခုမှမရှိပါလား  'မ'ရယ်။ ရှိတဲ့တိုင်အောင်လည်း ကျွန်တော် “မ' ကို ဘယ်တော့မှ စိတ်ဆိုးမှာမဟုတ်ဘူးသိလား။ ကျွန်တော် 'မ' ကို တစ်ခါတလေ အပြစ်မဲ့တဲ့ကလေး လိုသနားတယ်။ တစ်ခါတလေတော့လည်း တကယ့် ရင့်ကျက်တဲ့မိန်းကလေးတစ်ယောက်လို လေးစား မြတ်နိုးတယ်။ ဒါတွေအားလုံးပေါင်းလိုက်တော့..”
ကိုဘခက်သည် ပြောမည့်စကားကို ဖြတ်၍ထား လိုက်ပြီးလျှင် သက်ပြင်းကို ခပ်လေးလေးချလိုက် သည်။ “မ” သည် ကိုဘခက်အား ကြည်ညိုလေး စားသောအကြည့်ဖြင့် ငေးစိုက်ကြည့်နေမိသည်။
“ဆရာ့ပါးစပ်က ဟလိုက်ရင် ဆရာ့ရင်ထဲမှာ  ဘာတွေအပြည့်အကျပ်ရှိနေတယ်ဆိုတာ 'မ' သိပါ တယ်ဆရာ။ “မ” ကို ဆရာ့ရင်ထဲမှာ ခံစားနေသမျှ အားလုံး အန်ထုတ်နိုင်ပါတယ်။ “မ' လေ ဆရာ့ကို နားလည်ပါတယ်။ အထင်လည်းမလွဲဘူး။ စိတ်လည်း မဆိုးဘူး သိလား။ ဒါပေမဲ့ ဝမ်းနည်းတယ်။ ဆရာ့  အလိုအတိုင်းလိုက်ဖို့ ‘မ’ သတ္တိမရှိဘူး။ “မ” သတ္တိ နည်းတယ်ဆရာ”
ကိုဘခက်သည် မချင့်မရဲဖြင့် “မ” ၏ပခုံးအစုံကို အသာပွေ့ယူလိုက်သည်။ “မ” ကလည်း အလိုက် သင့်ပင် ကိုဘခက်၏ရင်ခွင်၌ သူ့မျက်နှာကိုကပ်ထား လိုက်သည်။
ကိုဘခက်သည် ‘မ’ ၏ကျောပြင်ကိုသိုင်းဖက်ထား လိုက်ပြီးလျှင် သူ့ပါးနှင့် ‘မ’၏ ဆံနုကလေးများကို ပွတ်သပ်၍နေလိုက်သည်။ “ကျွန်တော်သိတယ် “မ။ ကျွန်တော်နဲ့ ‘မ’ ကြား မှာ တားဆီးတဲ့အရာတွေ အများကြီးရှိတယ်ဆိုတာ
ကျွန်တော်နားလည်ပါတယ်။ “မ” ရဲ့ ကြီးမားတဲ့  အနှောင်အဖွဲ့က ကျွန်တော်တို့နှစ်ယောက်ရဲ့ ဘဝ
ကြားမှာ ပင်လယ်ကြီးလို ကန့်လန့်ကာဆီးနေတယ်  ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ မတတ် နိုင်ဘူး။ ကျွန်တော် ဒီနေရာမှာတော့ အရှုံးပေးရမှာပဲ။ ကျွန်တော့်စိတ်ကို ကျွန်တော် မထိန်းနိုင်ပါဘူး။ ကျွန်တော့်ရဲ့ စွဲလမ်းတဲ့စိတ်၊ ချစ်တဲ့စိတ်ကို ကျွန်တော် ဘယ်နည်းနဲ့မှ ဖျောက်ဖျက်လို့မရဘူး။ ဒီစိတ်တွေဟာ ကျွန်တော့်ဘဝမှာ ဒုက္ခဝန်ထုပ်ကြီး လို တစ်သက်လုံး သယ်ပိုးသွားရမှာ ကျွန်တော် ကြောက်တယ်” ဆက်လက်ဖော်ပြပါမည်။