အရာထမ်းငယ်အခြေခံသင်တန်း နှင့် စာရေးဝန်ထမ်းအခြေခံ သင်တန်းများ သင်တန်းဆင်း

ရန်ကုန်  ၃  ဇန်နဝါရီ 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာ သိင်္ဃခန်းမတွင် အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ်(၈၀)(၈၁)(၈၂)နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ်(၁၆၇)(၁၆၈)(၁၆၉)(၁၇၀)တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်၇ နာရီခွဲ၌ ကျင်းပရာ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ဆက်လက်၍ သင်တန်းအမျိုးအစားများအလိုက် စံပြဆုရရှိသူများကို ဆုများချီးမြှင့်ပြီး သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။

ယင်းသင်တန်းဆင်းပွဲသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ကျောင်းအုပ်ကြီး/ ဒုတိယ ပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူး/ပါမောက္ခ(ပညာဌာနမှူး)များ၊ ဌာနမှူး/ တွဲဖက် ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြ များနှင့် အရာထမ်းငယ်အခြေခံ သင်တန်းအမှတ်စဉ်(၈၀)(၈၁)(၈၂)နှင့် စာရေးဝန်ထမ်းအခြေခံ သင်တန်းအမှတ်စဉ်(၁၆၇)(၁၆၈)(၁၆၉)(၁၇၀) သို့ တက်ရောက်ကြသည့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်းငယ် သင်တန်းသား(၁၈၄)ဦး၊ သင်တန်းသူ(၂၃၈)ဦးနှင့် စာရေးအဆင့်ရှိ သင်တန်းသား(၂၁၂)ဦး၊ သင်တန်းသူ(၂၈၆)ဦး စုစုပေါင်း(၉၂၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ ရက်သတ္တ (၄)ပတ် ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)