အပြည်ပြည်ဆိုင်ရာမျက်မမြင်များလမ်းလျှောက်တုတ်နေ့အထိမ်းအမှတ် တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး   ၁၅   အောက်တိုဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမျက်မမြင်များ လမ်းလျှောက်တုတ်နေ့ အထိမ်း အမှတ်ကို အောက်တိုဘာ(၁၅)ရက် နံနက်(၈)နာရီခွဲက အိုရှင်းစင်တာရှေ့မှ စတင် တာလွတ်ပြီးဗိုလ်ချုပ်အောင်ဆန်းလမ်းတလျှောက်မှဗိုလ်ချုပ်ပန်းခြံအထိလမ်းလျှောက်ကြောင်းသိရသည်။

 

ဆက်လက်၍ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် စုပေါင်းနေရာယူ၍ အမြင်အာရုံမသန်စွမ်းသူ ကိုအောင်နိုင်ထွန်းမှ အပြည်ပြည်ဆိုင်ရာ မျက်မမြင်လမ်းလျှောက်တုတ်နေ့အကြောင်း ပြောကြားပြီး ဂုဏ်ပြုသီချင်းများဖြင့် ဖျော်ဖြေ၍ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှWheelChairပေးအပ်လှူဒါန်းကြောင်းသိရသည်။

 

ရှမ်းပြည်နယ်တွင်မျက်မမြင်လူအင်အား(၁)သိန်းလေးသောင်းရေးနည်းပါးသေးကြောင်းပညာသင်ကြားခွင့်မရှိသေးကြောင်း လူဦးရေအချက်အလက်များအရ သိရသည်။

 

 မောင်မောင်သန်း(တောင်ကြီး)