အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မြဝတီမြို့နယ် ကုန်တင်ကုန်ချ ကော်မတီရုံးမှ အထိမ်းအမှတ် အခမ်းအနားနှင့်ဆုချီးမြှင့်ပွဲကျင်းပ

မြဝတီ              မေ                 ၁

 

ကရင်ပြည်နယ် ၊မြဝတီခရိုင်၊မြဝတီမြို့၌မေ၁ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ မြဝတီမြို့နယ် ကုန်တင်ကုန်ချကော်မတီရုံး (ကာယ၊ဉာဏ) ပြည်သူ့ဝန်ထမ်း လုပ်သားကြီးများအား ဂုဏ်ပြုပွဲနှင့်  ဖူဆယ်ဘောလုံးပြိုင်ပွဲ တွင်ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီက အမှတ်၁အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားကို ကရင်ဒုံးယိမ်းအကဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော၂၀၂၄ခု နှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ သဝဏ်လွှာကိုမြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ဖတ်ကြားပေးသည်။ ဆက်လက်၍ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများနှင့်ကာယ၊ဉာဏ ထူးချွန်လုပ်သား ဝန်ထမ်းများအား မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌခရိုင် အုပ်ချုပ်ရေးမှူးဉီးကောင်းစံလင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးသက်လွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေး အပ်ချီးမြှင့်သည်။

ထိုနောက်မြဝတီမြို့နယ် ကုန်တင်ကုန်ချ ကော်မတီရုံးမှ မြိုနယ်ဦးစီးဌာနမှူး ဦးနိုင်စိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးပြီး  ပြည်သူ့ဝန်ထမ်း အလုပ်သမားတစ်ဦးက"မောင်အလုပ်သမား" တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုပေးသည်။

အဆိုပါ  အခမ်းအနားသို့ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကာယ၊ ဉာဏ လုပ်သားကြီးများနှင့် ဖိတ်ကြားထားသောဧည့်သည် ၂၅၀ ဦး ခန့်တက်ရောက်ခဲ့ကြောင်း  သိရသည်။

ခရိုင်/ပြန်ဆက်