အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့    အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ

သင်္ဃန်းကျွန်း၊ ၁၄ ဇွန် 

 

မကြာမီ ကျရောက်တော့မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက သင်္ဃန်းကျွန်း မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာခိုင်ချစ်အောင် ရေးသားသည့် “အဖြူရောင် ရေခဲလွင်ပြင်နှင့် အညိုရောင် ချောကလက်အိပ်မက် မူးယစ်ဆေး အသိပညာပေး ဝတ္ထုတိုများ” စာအုပ်ဖြင့်  ကျင်းပခဲ့သည်။

 

42045

 

“ဒီစာဖတ်ဝိုင်းလေးကို ဦးဆောင်ဆွေးနွေးပေးရတဲ့ ရည်ရွယ်ချက်ကတော့ ဇွန်လ ၂၆ ရက်ဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြစ်ပါတယ်။ အဲ့အတွက်ကိုရည်ရွယ်ပြီးတော့မှ ကျွန်မက မူးယစ်ဆေးဝါး စိတ်ကြွရူးသွပ် ဆေးပြား ဆိုးကျိုးတွေကို လာရောက်ဆွေးနွေးပေးခြင်း ဖြစ်ပါတယ်” စာရေးဆရာမပေါက်ပေါက်က ပြောသည်။

 

စာဖတ်ဝိုင်းကို စာရေးဆရာမ ပေါက်ပေါက်ဦးဆောင်ပြီး မြို့နယ်အတွင်းရှိ စာပေချစ်သူ စာဖတ် ပရိသတ်များမှ စာအုပ်ပါ အကြောင်းအရာများကို အချင်းချင်း အမြင်ခြင်းဖလှယ်သည့် အနေဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး လူငယ်များ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့် တက်စေရန်ရည်ရွယ်ပြီး စာဖတ်ဝိုင်းများကို အပတ်စဉ် ကျင်းပ ပေးသွားမှာဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

ခရိုင်(ပြန်/ဆက်)