အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ် ထိန်းသိမ်းရေးနေ့ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကျောက်ဖြူ  ၂၆ ဇူလိုင်

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်၊ ဒီရေထိန်းနံရံဘေး (ကာကီဘောင်) ရှိ ဒီရေတောအတွင်း သစ်တောဦးစီးဌာန၊ ဒီရေတော ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (MSN)၊ ဒိန်းမတ် (DENMark) တို့  ပူးပေါင်းကူညီပံ့ပိုး၍ အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ် ထိန်းသိမ်းရေးနေ့ ဒီရေတောသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီတွင် ဒီရေတောကာကွယ်ရေး သမဲ့ကြက်တက် (ပြာပင်) ၅၀၀ ကို ဌာနဆိုင်ရာများက စိုက်ပျိုး ခဲ့ကြသည်။

 

အဆိုပါသစ်ပင်စိုက်ပွဲသို့ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦး၊ မြို့နယ် အထွေထွေအုပ်ရေးမှူး ဦးစိုးမိုးကျော်၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက သမဲ့ကြက်တက် (ပြာပင်) ၅၀၀ ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ ပူးပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။

 

ဒီရေတောပင်များ စိုက်ပျိုးခြင်းဖြင့် မုန်းတိုင်း ဒီရေမြင့်တက်ခြင်း၊ ကမ်းပြိုခြင်းနှင့် ငါးပုဇွန်များ သားပေါက်ခြင်းများတွင် အထောက်အကူပြုပြီး၊ ဒေသခံများ ထင်းလောင်စာများကို အသုံးပြုနိုင်မည်ဖြစ်သည်။ ပင်လယ် ကမ်းရိုးတန်းဒေသနေ ပြည်သူလူထုက ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေ ရပ်တည် နေထိုင်အတွက် ဒီရေရောက် သစ်တောများကို စနစ်တကျစိုက်ပျိုးရခြင်းဖြစ်ကြောင်း သိရသည်။

 

ဖြိုးဝေလင်း(ခရိုင်ပြန်/ဆက်)

 

mdn