အနုသယကံ့ကော်

၂၀၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အဖြစ် စာရေးသူမောင်ရင့်ကျူး (မြောင်းမြ) စီစဉ်ရေးသားသည့် အနုသယကံ့ကော်စာအုပ်ထွက်ရှိလာသည်။


ရန်ကုန်တက္ကသိုလ် ကံ့ကော်မြိုင်တန်း(ကံ့ကော်တော) အနံ့အသက်နှင့် အရိပ်အငွေ့ကို တက္ကသိုလ်ကျောင်းသား ကျောင်းသူတိုင်း ခံစားကြရသည်။ တက္ကသိုလ်၏ အရိပ်အာဝါသက ပညာရှာမှီးရာ၊ ပညာသင်ကြား ဆည်းပူးရာဝန်းကျင်အဖြစ် အေးမြလှသည်။ မြကျွန်းညိုညို ကံ့ကော်တောနှင့် သစ်ပုပ်ပင်ကြီးက ညို့မှိုင်းနေအောင် အေးမြလှသည်။ အုံ့ဆိုင်းနေသည့်ပိန္နဲပင်ကြီးများနှင့် ရေတမာပင်တန်းများက ကံ့ကော်တောကို သဘာဝ အလှအပများဖြင့် အားဖြည့်ထားကြောင်း စာရေးသူ နှစ် ၂၀ ကျော် ကာလအတွင်း တက္ကသိုလ်ကျောင်းသားဘဝ၏ ခံစားမှုများကို စာဖတ်သူများ သိရှိနိုင်စေရန် ဖော်ကျူးရေးသားထားသည်။


ကြေးမုံစာအုပ်စင်