အနုပညာ မောင်နှမတွေကို ဆုပေးတဲ့ စင်ပေါ်မှာ ကိုယ်တိုင်ကိုယ်ကျ ကူညီခွင့်ရတဲ့အတွက် ပျော်ပါတယ်

ရန်ကုန် ၁၃ မတ်

 

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ရွှေကြိုအစား အကူမောင်မယ်များအဖြစ် အနုပညာရှင်များ၏ ရင်သွေးများက ပါဝင်ဆောင်ရွက် သွားမည်ဖြစ်သည်။ သို့ဖြစ်ရာ ယခုနှစ်အတွက် ကူညီ ဆောင်ရွက်ပေးသွားကြမည့် သရုပ်ဆောင် အိစိကွေး၏ ရင်ခုန်စကားသံများကို မေးမြန်းခဲ့ရာ-

 

“အကယ်ဒမီပေးပွဲမှာ တစ်ထောင့် တစ်နေရာကနေ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်၊ ဘယ်နေရာကပဲ ဖြစ်ဖြစ် ကူညီပေးဖို့ အမြဲတမ်း ကူညီဖို့ အဆင်သင့်ပါပဲ၊ ဒီနှစ်မှရွေးလို့ ကူညီတာ မဟုတ်ပါဘူး၊ အရင်ကတည်းက လူကြီးတွေ ဘယ်နေရာပဲလိုလို အမြဲတမ်း ကူညီပေးဖြစ်ပါတယ်၊ ကိုယ့်ရဲ့အနုပညာ မောင်နှမတွေ အကုန်လုံးကိုလည်း အကယ်ဒမီ ရစေချင်တယ်၊ ဒါပေမဲ့ ကံတရားကလည်း ရှိသေးတော့ ဘယ်သူပဲရရ အားပေးမှာပါ၊ ကိုယ့်ရဲ့ အနုပညာ မောင်နှမတွေကို ဆုပေးတဲ့စင်ပေါ်မှာ ကိုယ်တိုင်ကိုယ်ကျ ကူညီခွင့်ရတဲ့အတွက် ပျော်လည်း ပျော်ပါတယ်” ဟု ပြောသည်။ 

 

MDN