အန္တရာယ်လက္ခဏာဂရုပြုပါ

သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်ရှိသည့်လက္ခဏာများ

(၁) ခန္ဓာကိုယ်တွင်းသွေးယိုထွက်သောလက္ခဏာများ

  • အစာအိမ်နှင့်အူလမ်းကြောင်းသွေးယိုခြင်းကြောင့်ကော်ဖီရောင်၊ အညိုရောင်အရည်များအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊
  • အရေပြားသွေးယိုခြင်းကြောင့်သွေးခြေဥသကဲ့သို့ အနီကွက်များပေါ်လာခြင်း၊

(၂) သွေးလန့်သည့် လက္ခဏာများ

  • ကိုယ်အပူချိန် ရုတ်တရက်ကျဆင်းသွားခြင်း (များသောအားဖြင့် စဖျားသည့်နေ့မှ (၃)ရက် မြောက်တွင် ဖြစ်တတ်ပါသည်။)
  • ခြေဖျား၊ လက်ဖျားများအလွန်အမင်းအေးစက်ခြင်း၊
  • ရုတ်တရက် ဗိုက်အောင့်လာခြင်း၊
  • အစာ/ရေမဝင်နိုင်လောက်အောင် အဆက်အပြတ်အန်ခြင်း၊
  • ဂနာမငြိမ်ဖြစ်ခြင်း(သို့) အလွန်မှိန်းလာခြင်း၊

 

အန္တရာယ်ရှိသည့်လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်ပါရန် နှိုးဆော်အပ်ပါသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန