အညာသူ အညာသား ထန်းတောင်သူများ

ထန်းပင်တစ်ပင် အရွယ်ရောက်ရန် ဆယ်စုနှစ်များစွာ ကြာမြင့်သည်။ သို့သော်လည်း အညာဒေသတွင် ပေါ်ပေါက်နေသော ထန်းပင် အရေအတွက် အများအပြားကို ရောင်းချရန်အတွက် စက်လွှဖြင့် တိုက်ဖြတ်ခုတ်လှဲခြင်းအတွက်မူ နာရီ အနည်းငယ်သာ လိုအပ်မည်ဖြစ်သည်။

အသက်မွေးဝမ်းကျောင်းမှုပုံစံ အပြောင်းအလဲ၊ နေရပ်ရွှေ့ပြောင်းလုပ်ကိုင်မှု၊ ဈေးကွက်လိုအပ်ချက်တို့သည် ထန်းပင်အို ထန်းပင်ပျို များစွာကို ခုတ်လှဲရောင်းချနေကြခြင်း၏ အကြောင်းရင်းတချို့ ဖြစ်လာသည်။

မကြာသေးမီက အညာဒေသသို့ သွားရောက်လေ့လာသူ ရန်ကုန်သား သတင်းထောက် ဖြိုးသီဟချိုက ထန်းလုပ်ငန်းခွင် မြင်ကွင်းတချို့ကို မှတ်တမ်းတင်ခဲ့သည်။

ဓာတ်ပုံများ - ဖြိုးသီဟချို/Myanmar Now