အန္နဝါ နိုင်ငံရေးလောကထဲ ပြန်ဝင်နိုင်ရေးဖြစ်တဲ့ မလေးရှားရဲ့ ကြားဖြတ်ရွေးကောက်ပွဲ

၁၃ အောက်တိုဘာ

အန္နဝါ အီဘရာဟမ်ဟာ မလေးရှားနိုင်ငံရေးထဲကို ပြန်လည်ဝင်ရောက်ဖို့ ခြေလှမ်းတစ်ရပ်ဖြစ်တဲ့အနေနဲ့ ဒီကနေ့ (စနေနေ့)မှာ ကျင်းပနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ တောင်ပိုင်းကမ်းရိုးတန်းမြို့ဖြစ်တဲ့ ပေါ့ဒစ်ဆင် မဲဆန္ဒနယ်ကနေ ယှဉ်ပြိုင်နေပါတယ်။ 

အဲဒီနေရာမှာ အဓိအားဖြင့် တရုတ်မျိုးနွယ်စုတွေ အများအပြာနေထားရာဖြစ်ပြီး ပုံမှန်အားဖြင့် အဲဒီနေရာ အန္နဝါကို ထောက်ခံတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ 

မနက် ၈ နာရီကနေ စဖွင့်တဲ့ မဲရုံတွေမှာ မဲလာပေးသူ နည်းနေသေးတယ်။ မဲဆန္ဒရှင်တွေဟာ အလုပ်ပြီးချိန်မှာ ပိုမို ရောက်လာမယ်လို့ သူမျှော်လင့်ကြောင်း၊ အန္နဝါကို မလေးရှားရဲ့ ၈ ယောက်မြောက် ဝန်ကြီးချုပ် ဖြစ်စေချင်ကြောင်း၊ မနက်ဝတ်ပြုအပြီးမှာ အန္နဝါအနိုင်ရဖို့ ဆုတောင်းခဲ့တယ်လို့ အန္နဝါကို ထောက်ခံအားပေးသူ အငြိမ်းစားကုန်ကားမောင်သူက ပြောပါတယ်။ 

အဲဒီမဲဆန္ဒနယ်မှာ ပြိုင်ဘက်ကိုယ်စားလှယ်လောင်း ၆ ယောက်နဲ့ အသက် ၇၁ နှစ်အရွယ် အန္နဝါ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီထဲက တစ်ဦးဟာ  သူ့ကိုလိင်တူခြင်း ဆက်ခံခဲ့သူအဖြစ် တရားစွဲဆိုခဲ့တဲ့ စိုင်းဖူး လည်း ပါဝင်နေတာကို တွေ့ရပါတယ်။ 

MDN
ကိုးကား-AFP