အန္နဝါ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အတွက် မလေးရှားဝန်ကြီးချုပ်ဖြစ်ရန် တစ်ဆင့်နီးသွားပြီ

ကွာလာလမ်ပူ  ၁၄ အောက်တိုဘာ

မနေ့က ကျင်းပခဲ့တဲ့ မလေးရှားနိုင်ငံရဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အန္နဝါဟာ မဲအပြတ်အသတ်နဲ့ အနိုင်ရသွားပြီဖြစ်ပါတယ်။ 

ပေါ့ဒစ်ဆင်ဒေသမှာ အန္နဝါဟာ ဆန္ဒမဲ လေးသောင်းသုံးထောင့်ငါးရာ ရရှိခဲ့တဲ့အတွက် ၇၁ ဒသမ ၃ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့တာပါ။ အဲဒီဒေသမှာရှိတဲ့ မဲပေးခွင့်ရှိသူပမာဏရဲ့ ၅၈ ရာခိုင်နှုန်းဟာ မဲပေးခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ 

ဒုဝန်ကြီးချုပ်ဟောင်း အန္နဝါ အီဘရာဟမ်ဟာ လွတ်တော်ထဲကို တကျော့ပြန် ပြန်လည် ဝင်ရောက်လာတာဖြစ်ပါတယ်။ 

လက်ရှိဝန်ကြီးချုပ် မဟာသီယာက အန္နဝါကို ဝန်ကြီးချုပ်ရာထူးကို နှစ်နှစ်အတွင်းလွှဲပေးမယ်လို့ ရွေးကောက်ပွဲ အနိုင်ရအပြီးမှာ ပြောကြားခဲ့ပါတယ်။ 

MDN 
ကိုးကား - AFP