အင်းတော်မြို့နယ်တွင် ဖူးစားပြောင်း ( FAW )အား ငမြှောင်တောင်ပိုး ကျရောက်မှုမရှိစေရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

အင်းတော်၊ ၂၂ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာပေးစင်တာအတွင်းရှိ နတ်မဟုတ်ကလေးအုပ်စု နတ်မဟုတ်ကြီးကျေးရွာ တောင်သူ ဦးမြင့်ဆွေ စိုက်ပျိုးထားသော ဖူးစားပြောင်း ( FAW ) အား ငမြှောင်တောင်ပိုး ကျရောက်မှုမရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းကို   ဒီဇင်ဘာ ၂၁ ရက်က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အဆိုပါ ဖူးစားပြောင်း( FAW )အား ငမြှောင်တောင်ပိုး ကျရောက်မှုမရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းကို အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင်ဝန်ထမ်းများက ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဓာတုသုံးစွဲမှု လျှော့ချနိုင်ရေး၊ သဘာဝပိုးသတ်ဆေးနှင့် သဘာဝမြေဩဇာများ ပြုလုပ်တတ်စေရန်အတွက် စိုက်ပညာရှင်ဝန်ထမ်းများမှ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မျိုးစေ့ထုတ်တောင်သူများ အနေဖြင့် နည်းပညာအခက်အခဲများရှိပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း၊ မျိုးကောင်းမျိုးသန့်များရရှိရေး၊ တောင်သူများ၏လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့် မိမိတို့၏ လယ်မြေ၊ ယာမြေများအတွင်းတွင် သီးထပ်၊ သီးညှပ် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေများ တိုးတက်လာ အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးနည်းစနစ်များ၊ အထွက်တိုးမျိုးများကို စိုက်ပျိုးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များကို လေ့လာရန် သက်ဆိုင်ရာ နည်းပညာပေးစင်တာနယ်မြေအတွင်းရှိ တာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း အင်းတော် မြို့နယ်   စိုက်ပျိုးရေးဦးစီးဌာနမှူး ဦသိန်းခိုင်က ပြောပြခဲ့သည်။

ခန့်ဇော်ပိုင်(မြို့နယ် ပြန်/ဆက်)