အင်းတော်မြို့နယ်၌ စိတ်ကြွဆေးပြား ၁၁၄၀ဝ၀ နှင့် ဘိန်းဖြူမှုန့် ၄ ဒသမ ၄၁ ကီလိုဖမ်းဆီးရမိ

ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သတင်းအရ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းနှင့် နန့်မကျိုင်းကျေးရွာသွား လမ်းဆုံ၌ အင်းတော်မြို့ဘက်မှ ယာဉ်မောင်း သန်းဇော်လင်း (ဘ)ဦးဘိုးသောင်း၊ သိန်းနီမြို့နေသူနှင့် ကျော်လောက်အေ (ခ) မြင့်ဝင်း (ဘ)ဦးကျော်ဆီယုံ၊ သိန်းနီမြို့နေသူတို့ ၂ ဦး လိုက်ပါလာသည့် RKE 2L/------- VOXY ယာဉ်အား ယနေ့ မွန်းလွဲ ၁ နာရီခန့်က ရပ်တန့်စစ်ဆေးရာ စိတ်ကြွဆေးပြား ၁၁၄၀ဝ၀ ဒေသပေါက်ဈေး (၁ ပြားလျှင် ၅၀ဝ၀ ကျပ်နှုန်းဖြင့်ကျပ် ၅၇၀ဝ၀ဝ၀ဝ၀)နှင့် ဆပ်ပြာခွက် ၄၄၁ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူမှုန့် ၄ ဒသမ ၄၁ ကီလို (၁ ကီလိုလျှင်  ၁၀ဝ၀ဝ၀ဝ၀ဝ ကျပ်နှုန်းဖြင့် ၄၄၁၀ဝ၀ဝ၀ဝ ကျပ်)တို့အား ဖမ်းဆီးရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ 

 

(ရဲပြန်ကြား)